November 26, 2018

Nov 26th မှ Dec 2nd ကြား.


မိမိအပေါ်ချုပ်ကိုင်ဖိနှိပ်မှုများမှလွတ်မြောက် မည်။ အခက်အခဲများမည်၊ ပြဿနာဖြစ်နိုင်သည်ဟု တွေးထင်သမျှမဆောင်ရွက်ဘဲ ရှောင်ရှားပါ။ ဆောင် ရွက်သမျှအလုံးစုံ ထိထိမိမိဖြစ်အောင်ဆောင်ရွက်ပါ။ အမှုအခင်းပြဿနာများ ဖြေရှင်းရပါက မိမိဘက်မှ အနိုင်ရမည်။ ကတိဖျက်သောသူများနှင့်တွေ့တတ်သည်။ ပြောဆိုပြီးမှ စကားပြင်သောသူများနှင့်တွေ့တတ် သည်။ စာရွက်စာတမ်းကတိများ အသစ်ပြန်လည်ပြင် ဆင်ချုပ်ဆိုရခြင်းများရှိမည်။ မတော်တဆထိရှခြင်းများ အထူးဂရုစိုက်ပါ။ မိမိမောင်းနှင်နေကျမဟုတ်သည့် တစ်ပါးသူ၏ ယာဉ်ကား၊ စက်ဘီး၊ ဆိုင်ကယ်မှအစ ငှား ရမ်းယူငင်မောင်းနှင်ခြင်းမပြုရ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.