November 12, 2018

Nov 12th မှ Nov 18th ကြား

စကားကတိမတည်သောသူများနှင့် ကြုံ မည်။ လျှို့ဝှက်ချက်များ ပေါက်ကြားတတ်သည်။ သစ္စာ ဖောက်ခံရတတ်သည်။ အနီးကပ်လူမှဒုက္ခပေးတတ် သည်။ အမှုအခင်းများရင်ဆိုင်ဖြေရှင်းရတတ်သည်။ စာချုပ်လက်မှတ်ရေးထိုးခြင်း၊ အာမခံခြင်း၊ တာဝန်ယူ ခြင်းများမပြုရ။ တစ်ပါးသူပြုဆောင်ထားသောပြဿနာများကို တာဝန်ယူဖြေရှင်းရလိမ့်မည်။ အိမ်တွင်းအပူရှိ သည်။ တစ်ပါးသူအလိုကိုလိုက်လျော နေရမည်။ ကိုယ်လိုလားသောကိစ္စများကိုကား မည်သူကမျှဖြည့် ဆည်းပေးမည်မဟုတ်။ အထင်မှားခံရမည်။ နာမည် သိက္ခာထိခိုက်မည်။ ပစ္စည်းလှေောင်ခြင်း၊ ဈေးကစား ခြင်းမပြုရ။ ရောင်းမှား၊ ဝယ်မှားဖြစ်၍ ငွေအစုလိုက် ဆုံးရှုံးနိုင်သည်။ ပြဿနာဟောင်းများပြန်လည်ဖြေရှင်းရမည်။ ရန်ဖက်ဟောင်းများနှင့် ပြန်လည်ရင်ဆိုင်ရမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.