စေတနာအပေါ် တန်ဖိုးမထား၊ ကူညီမှုအပေါ် အလေးမထားသူများနှင့် ကြုံမည်။ သူများပြဿနာ ကိုယ့်ပြဿနာဖြစ်တတ်သည်။ ကိုယ်တိုင်တွင်လည်း ကောင်း၊ မိသားစုတွင်လည်းကောင်း ကျန်းမာရေးအညံ့ ဖြစ်ပေါ်တတ်သည်။ အစာမှားခြင်း၊ ဆေးထိုးဆေး သောက်မှားခြင်းများဖြစ်တတ်သည်။ ကိုယ့်အပေါ်ဝေ ဖန်သူများနှင့်ကြုံမည်။ ဆောင်ရွက်သောကိစ္စမှန်သမျှ အပေါ် လိုက်လံနှောင့်ယှက်သူများရှိမည်။ လူချင်းမ တွေ့ဖူးသောသူများအပေါ်ဆက်သွယ်၍ မိတ်ဖွဲ့ခြင်း၊ ဆက်ဆံပြောဆိုခြင်းများမှ ပြဿနာများဖြစ်ပေါ်လာ မည်။ ပစ္စည်းလှောင်ခြင်း၊ ဈေးကစားခြင်းမပြုရ။ ဆုံးရှုံး တတ်သည်။ ပညာအတတ်နှင့်ဆောင်ရွက်မှုများတွင် ထူးခြားစွာအောင်မြင်မည်။ ကာလအတန်ကြာ အသုံးမ ပြုဘဲထားသောပညာအတတ်တို့ကို ပြန်လည်အသုံးချ၍ တိုးတက်မှုများအဆင့်ဆင့်ရရှိမည်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.