Oct 8th မှ Oct 14th ကြား - Find weekly Horoscope in my blog

October 08, 2018

Oct 8th မှ Oct 14th ကြား


 မည်သည့်ကိစ္စကိုဆောင်ရွက်သည်ဖြစ်စေ ကြိုတင်စီမံဆောင်ရွက်၍မရ။ အလွဲလွဲအချော်ချော်ဖြစ် တတ်သည်။ တွက်ဆ၍မရသော အနှောင့်အယှက်အတားအဆီးများရှိမည်။ ခိုက်ရန်ပဋိပက္ခများမည်။ လူယုံ ဒုက္ခပေးမည်။ မတော်တဆထိခိုက်မှုအန္တရာယ်များ တတ်သည်။ အပျက်အစီး၊ အလေအလွင့်၊ အပျောက် အရှများမည်။ အသက်ငယ်ဝါစဉ်နုသူများက မလေးမ ခန့်ပြု၍ အမျက်ဒေါသထွက်ရကိန်းရှိသည်။ သည်းခံရ အခက်ရင်ဆိုင်ရခက်သောကိစ္စမျိုးကြုံမည်။ ယာဉ်၊ ကားအန္တရာယ်ဂရုစိုက်ရမည်။ မိသားစုအတွက်စိတ်ပင်ပန်းရခြင်းရှိမည်။ အိမ်ရှိသူများကျန်းမာရေးချူချာမည်။ ပစ္စည်းလှောင်ခြင်း၊ ဈေးကစားခြင်းမပြုရ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.