တွဲဖက်သူအဖော်ရွေးချယ်မှုမှားယွင်းခြင်းကြောင့်လိုရာခရီးမရောက် ငွေကြေးလက်လွန်မှုများလက်တိုက်ဖြစ်ပေါ်မည်။ ကိုယ်ကိုယ်တိုင်လည်း ပြဿနာဖြစ်တတ်သည်။ ကိုယ့်ပြဿနာမရှိသော နေ့များတွင်လည်း သူတစ်ပါးပြဿနာ လိုက်လံဖြေရှင်းပေးရမည်။ မိသားစုအိမ်တွင်း၌ ရမယ်ရှာ၍အပြစ်တင်ဝေဖန်ဆူပူမှုများ အခါတိုင်းထက်ပို၍ရှိမည်။ ပြင်ပလောကတွင် လည်း အသွားအလာအထူးဂရုစိုက်ရမည်။ ခါးပိုက်နှိုက် ခံရမည်။ အပျော်လွန်သူများနှင့် ပြဿနာဖြစ်ရမည်။ ညအခါများတွင် သွားလာခြင်းရှောင်ပါ။ လူမှား၍ရိုက် နှက်ခံရခြင်း၊ ရန်ပြုခံရခြင်းများရှိတတ်သည်။ ၅၂၈- ၁၅ဝဝ မေတ္တာအလုံးစုံ ကောင်းသောကာလဖြစ်သည်။မင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.