October 29, 2018

Oct 29th မှ Nov 4th ကြား


အခက်အခဲ၊ အတားအဆီးများ ကျော်လွှား နိုင်မည်။ အပြောင်းအလဲရှိမည်။ ခရီးနှင့်ပတ်သက်သော ကိစ္စများလုပ်ကိုင်အကျိုးပေးမည်။ အိမ်တွင်းရေးများ ကိုကြားဝင်စွက်ဖက်သည့်ဆွေမျိုးသားချင်းများကြောင့် စိတ်အနှောင့်အယှက်ကြုံမည်။ လုပ်သမျှအံချောာ်နေ မည်။ ငွေကြေးပစ္စည်း အပေးအယူ၊ လက်လွှဲလက် ပြောင်းသတိရှိပါ။ သူတစ်ပါးမရိုးမသားပြုမှုကြုံရတတ် သည်။ မနာလိုအတိုက်အခံများ၊ ရန်အပြိုင်များတိုက် ရိုက်မဟုတ်ဘဲသွယ်ဝိုက်၍ တိုက်ခိုက်လာခြင်းကြုံမည်။ မိမိအပေါ်မငဲ့ညှာသောသူများနှင့်တွေ့မည်။ ငြင်းဆန် ရန်ခက်သူများ၊ ငွေလာချေးလိမ့်မည်။ ပေးလိုက်ကပြန်မရ။ ဆုံးရှုံးမည်။ ရပ်ဝေး၊ နိုင်ငံရပ်ခြားကိစ္စစီစဉ်သူများ အတွက်ကား အလုံးစုံအဆင်ပြေမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.