အခွင့်အလမ်းနှစ်ခွ တစ်ပြိုင်တည်းပေါ်မည်။ လမ်းဟောင်းအတိုင်းလုပ်ခြင်းထက် လမ်းသစ်ထွင်၍ လုပ်ပါကပို၍အောင်မြင်မည်။ အနှောင့်အယှက်များ မည်မျှရှိစေ အဆုံးပိုင်းတွင်အောင်မြင်မည်။ စိတ်ပင်ပန်း၊ လူပင်ပန်းခြင်းကြောင့် ကျန်းမာရေးကျဆင်းတတ် သည်။ ဖျားနာလွယ်မည်။ ယာဉ်ကားမောင်းနှင့်မှုသတိရှိ ပါ။ ငွေကြေးကိစ္စ၊ စာရွက်စာတမ်းကိစ္စ သတိနှင့်ဆောင် ရွက်ပါ။ လူပေါင်းမှား၊ ဆုံးဖြတ်ချက်မှားတတ်သည်။ တစ်ပါးကြောင့် မိမိအကြံအစည်များ ပျက်ယွင်းတတ် သည်။ ကတိအလွယ်တကူမပေးရ။ အရောင်းအဝယ် ကိစ္စ၊ စာချုပ်လက်မှတ်ထိုးခြင်း လုံးဝမပြုရ။ ကြားဝင်၍ သူတစ်ပါးအတွက် ငွေမချေးပေးရ။ အမှုဟောင်းများပြန်လည်ဖြေရှင်းရမည်။ အိမ်တွင်းပဋိပက္ခရှိမည်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.