အသုံးမတည့်သောအခွင့်အရေးများ တစ် မျိုးပြီးတစ်မျိုးရရှိမည်။ ငွေကုန်များမည်။ ဖြစ်လိုသော အရာများနှင့် ဆောင်ရွက်ရသောအခြေအနေအရပ်ရပ် တို့ သဘာဝကွဲပြားနေမည်။ ရန်ပဋိပက္ခများနှင့် ထိပ် တိုက်ရင်ဆိုင်ရမည်။ စာရွက်စာတမ်းကိစ္စများ၊ ငွေ ကြေးကိစ္စများ ဖြေရှင်းရမည်။ အိမ်တွင်းရေးပဋိပက္ခဖြစ် မည်။ ဆွေမျိုးမောင်နှမသားချင်းနှင့်ဆက်နွယ်ပြီးလုပ် ကိုင်သောကိစ္စများမှ ထင်ရှားသောတိုးတက်မှုများရရှိ လာမည်။ ရုတ်ချည်းဆုံးဖြတ်၍ ရှေ့တိုးဆုံးဖြတ်သောကိစ္စများ: ဦးစွာအနှောင့်အယှက်ကြုံပြီးမှ အောင်မြင်မှု အဆင့်ဆင့်ရမည်။ ကိုယ့်ကိစ္စမဟုတ်ဘဲ တစ်ပါးသူကိစ္စ ရေးရာများ ကြားဝင်ဆောင်ရွက်ပေးနေရမည်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.