ရင်းနှီးသူများနှင့် ဆန့်ကျင်ဘက်စကားများ ပြောရမည်။ ပြဿနာများဖြေရှင်းနိုင်မည်။ အပြိုင်အ ဆိုင်များကြားမှ တက်လမ်းကြုံမည်။ တိုးတက်မည်။ မိ မိပိုင်၊ မိသားစုပိုင် လက်လွန်ထားသောငွေကြေးများ လက်ဝယ်ပြန်လည်ရရှိမည်။ ဦးတည်ချက်ပြောင်းပြီး လုပ်ကိုင်ရာမှ အဆင်ပြေမှုများရရှိမည်။ တစ်ပိုင်းတစ်စ ဖြစ်နေသည်များ ပြန်လည်ဆောင်ရွက်အဆင်ပြေမည်။ ဝေးလံသောအရပ်မှ ကောင်းသတင်း၊ တိုးတက်မှုသ တင်းများ ကြားသိရမည်။ မရည်ရွယ်ဘဲခရီးသွားရမည်။ ပြည်ပခရီးသွားရန် မူလကြံစည်ထားသောသူများ ဤ ကာလအတွင်း လိုရာခရီးရောက်၍ အဆင်ပြေသောအ နေအထားရှိမည်။ လူမျိုးကွဲ၊ လူမျိုးခြားအကျိုးပေးမည်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.