အတိုက်အခံမှန်သမျှ ပြေပျောက်သွားမည်။ ရန် အားလုံးပြေလည်သွားမည်။ ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့်ရှေ့တိုးဆောင်ရွက်ခြင်းများမှ ကောင်းသောအကျိုး ဆက်ရမည်။ နေအိမ်နေရာအတွက် စီစဉ်ဆောင်ရွက်မှု များအဆင်ပြေမည်။ ဦးတည်ချက်ပြောင်း၍ဆောင်ရွက် ခြင်းများမှထူးခြားစွာ တိုးတက်ခြင်းများဖြစ်ပေါ်မည်။ အဘက်ဘက်မှအဆင်ပြေ၍ ဖြစ်လိုသောဆန္ဒရည်ရွယ် ချက်များကိုအခိုင်အမာ ဆောင်ရွက်နိုင်မည်။ လုပ်လို သောဆန္ဒရှိလင့်ကစား အခြေအနေမပေး၍ မလုပ်ဖြစ် သောအလုပ်အကြံများကို တနင်္လာ၊ အင်္ဂါမွေးသူနှင့်ပူး ပေါင်းဆောင်ရွက်ပါ။ ခရီးကိစ္စများပေါ်ပေါက်မည်။ မ သွားလိုသောခရီးသို့ သွားရောက်ရခြင်းကြုံမည်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.