ဆုံးဖြတ်ချက်များမှားယွင်းတတ်သည်။ အခြေအနေအရပ်ရပ်သည် အခက်အခဲများနှင့် အဖြေရှာ မရသည့်အဆုံးသတ်မျိုး ပေါ်ထွန်းစေသည်။ သူတစ်ပါး ကြောင့်နာမည်သိက္ခာ ထိခိုက်တတ်သည်။ ကိုယ်မလုပ် ဘဲလုပ်သယောင် သတင်းထွက်မည်။ သွားလေရာလာ လေရာအညံ့မကင်း။ မာန်တင်း၍ဆက်ဆံသူများနှင့် တွေ့တတ်သည်။ ကိုယ်က အလျှော့ ပေး၍ ဆက်ဆံ လိုက်ပါ။ အဆင်ပြေသွားမည်။ ယာဉ်၊ စက်ပစ္စည်းအဝင် မတော်။ ရတနာလက်ဝတ်ပစ္စည်း အဝင်မတော်။ ယာဉ် မတော်တဆထိခိုက်မှုဖြစ်တတ်သည်။ အပျော်ခရီးသွား ခြင်းရှောင်ပါ။ ဆီးနှင့်မျက်စိတို့တွင် ရောဂါဝေဒနာဖြစ် တတ်သည်။ မမာမကျန်းဖြစ်သည့်ကြားမှ ခရီးသွားရ တတ်သည်။ အနက်အရောင်နှင့်အနီရောင်တွဲ၍ ဝတ်ခြင်း ရှောင်ပါ။

No comments:
Post a Comment
Note: Only a member of this blog may post a comment.