Sept 24th မှ Sept 30th ကြား - Find weekly Horoscope in my blog

September 24, 2018

Sept 24th မှ Sept 30th ကြား

  ပြဿနာအတိုက်အခံများနှင့် ထိပ်တိုက်တွေ့ မည်။ ရန်များမည်။ အတူတွဲဖက်သူများနှင့် ပဋိပက္ခဖြစ် မည်။ တာဝန်ယူခြင်း၊ အာမခံခြင်းများမပြုရ။ သူတစ်ပါး အမှုပြဿနာများ မိမိထံကျရောက်လိမ့်မည်။ သံယော ဇဉ်မထားသင့်သူအားထားခြင်း၊ အချစ်မှား၊ လူပေါင်း မှား၊ ဆုံးဖြတ်ချက်မှားခြင်းများဖြစ်ပေါ်နိုင်မည်။ လုပ် ငန်းခွင်မှသူများ စာရင်းဇယားအရှုပ်အထွေးများကြုံမည်။ ငွေကြေးအလွဲသုံးစားလုပ်သူများနှင့်ကြုံတွေ့ရ မည်။ အပေါင်းအသင်းမိတ်ဆွေကြောင့် နာမည်သိက္ခာ ကျဆင်းခြင်းများဖြစ်တတ်သည်။ အထင်လွဲခံရခြင်းများ စွပ်စွဲခံရခြင်းများကြုံမည်။ အိမ်တွင်းရေးပြဿနာ များ၊ အပူသောကများရှိမည်။ ပစ္စည်းလှောင်ခြင်း၊ ဈေး ကစားခြင်းမပြုရ။ ဝယ်ယူမြှုပ်နှံမှုမှားယွင်းခြင်းမှ ပြဿ နာဖြစ်တတ်သည်။ ဆုံးရှုံးခြင်းများကြုံမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.