ရှိရင်းစွဲအနေအထားတွင် ရပ်တန့်နေခြင်းမရှိ သင့်။ အပြောင်းအလဲနှင့် လိုက်လျောညီထွေစွာဆောင် ရွက်ရင်း ဘဝတိုးတက်သွားမည်။ ဖန်တီးခြင်းမဟုတ်ဘဲ အလို အလျောက်ပေါ်ပေါက်သော အခြေအနေကို လက်ခံကျင့်သုံး၍ တိုးတက်မှုအဆင့်ဆင့်ဖြစ်ပေါ်မည်။ အတွေးဟောင်း၊ အကြံဟောင်း၊ ဝန်းကျင်ဟောင်းကိုစွန့် လွှတ်၍ ဝန်းကျင်သစ်သို့ဦးတည်သွားမည်။ ခက်ခဲသော ပြဿနာများ ဖြေရှင်းနိုင်မည်။ အသစ်ရှင်သန်ခြင်း၊ ပိတ်နေသောလမ်းကြောင်းများပြန်ပွင့်ခြင်း၊ ဆိုင်းငံ့ရပ် တန့်ထားသည်များအား ပြန်လည်လုပ်ဆောင်ရခြင်း များကြုံမည်။ လမ်းကြောင်းဟောင်းကိုရပ်၍ လမ်းသစ် ထွင်ကာဆောင်ရွက်ရင်း ထူးထူးခြားခြား အောင်မြင်မှု ကိုရရှိမည်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.