Sept 24th မှ Sept 30 ကြား - Find weekly Horoscope in my blog

September 24, 2018

Sept 24th မှ Sept 30 ကြား

 ဖြစ်ပေါ်လာသော ပြဿနာမှန်သမျှအရေးတယူလက်ငင်းဖြေရှင်းပါ။ အကျယ်မချဲ့ပါနှင့်။ အမှုပြဿ နာဖြစ်လွယ်သည်။ ဥပဒေနှင့်မကင်းသောကိစ္စမှန်သ မျှဆောင်ရွက်ခြင်းငှာမသင့်။ အိမ်တွင်းရေးညံ့သည်။ အကြောင်းမရှိအကြောင်းရှာ တပူပူတဆူဆူအိမ်ပူသူ ကြောင့်လာဘ်ပိတ်ခြင်း၊ စိတ်ညစ်ညူးခြင်းကြုံရမည်။ လုပ်ငန်းခွင်အတွင်း အလုပ်သမားမမြဲ။ အလုပ်အရှိန်အဟုန်တိုးတက်ဆဲ ကျွမ်းကျင်သူအခက်အခဲကြောင့် ခေါင်းခဲရကိန်းရှိသည်။ အစားအသောက်မှားယွင်း၍ ရောဂါဝေဒနာဟောင်းများ ဖြစ်ပေါ်နိုင်သည်။ပညာသင်တန်းကိစ္စများကြုံက လက်ခံနိုင်သည်။ လုပ်ငန်းခွင် အတွင်းသင်တန်းကိစ္စများပေါ်ပေါက်က လက်ခံနိုင်သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.