Sept 17th မှ Sept 23rd ကြား - Find weekly Horoscope in my blog

September 17, 2018

Sept 17th မှ Sept 23rd ကြား


ဆန့်ကျင်ဘက်ပြုသူများနှင့်ထိပ်တိုက်တွေ့ တတ်သည်။ စကားများရခြင်း၊ ပဋိပက္ခဖြစ်ခြင်းကြုံမည်။ အပြိုင်ကြားမှတိုးတက်မှုရှာရမည်။ လူပင်ပန်း၊ စိတ်ပင် ပန်းခံပြီး ကြိုးပမ်းဆောင်ရွက်ထားသည့်ကိစ္စများမှ ကောင်းသောအကျိုးဆက်ဖြစ်ထွန်းမည်။ အခြေအနေ အရပ်ရပ်ကြောင့် ဆိုင်းငံ့ထားသောကိစ္စများ ပြန်လည် ဆောင်ရွက်အဆင်ပြေမည်။ ဝေးကွာနေသောမိတ်ဆွေ ဓဟာင်းများနှင့် ပြန်လည်စုစည်းအဆင်ပြေသွားမည်။ခရီးသွားရန်စီစဉ်သူများလိုရာခရီးရောက်မည်။ ပြည်တွင်းသာမကပြည်ပအထိထိုးဖောက်ရောက်ရှိမည်။ တွေးခေါ်လုပ်ကိုင်လိုက်သည့်ကိစ္စမှန်သမျှသည် လတ်တလောဖြစ်ရပ်၊ အများလက်ခံသောအကြောင်းအရာ များနှင့် ဆန့်ကျင်သ‌ယောင်ဖြစ်လင့်ကစား ကောင်း သောအကျိုးဆက်အား ဖြစ်ထွန်းစေမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.