ပညာရေး - Find weekly Horoscope in my blog

July 09, 2018

ပညာရေး

"ဉာဏ်ပါရမီကြီးမားသူများဖြစ်သည်။ပညာအ တတ်တို့ကို ထွန်းထွန်းပေါက်ပေါက် ထိပ်တန်းရောက် အောင် သင်ယူတတ်မြောက်နိုင်သည်။ အတွေးအခေါ် ကောင်းသည်။ ဉာဏ်ရွှင်၍တီထွင်နိုင်စွမ်းမြင့်မားသည်။ ကိုယ်ဝါသနာပါ နှစ်သက်တတ်သောပညာရပ်တို့ကို ပြိုင်ဖက်ကင်းအောင်၊ ဝါသနာမပါသည့် အတတ်ပညာ များကို သင်ကြားရသောအခါ၌လည်း တစ်ပါးသူတို့ ထက်မညံ့သော အနေအထားရောက်အောင် ဆောင် ရွက်နိုင်စွမ်းရှိသည်။ နိုင်ငံတကာအဆင့်အထိထိုးဖောက် မြင့်မားသောအတတ်ပညာအားရရှိမည်။ နက် နဲသောပညာရပ်များဖြစ်လွယ်သည်။ တစ်ပါးသူများ စိတ်ဝင်စားခြင်းနှင့် နားလည်နိုင်စွမ်းမရှိသောပညာ ရပ်များကို ကျကျနနလေ့လာတတ်မည်။ 19.2.18မှ 20.3.18ကြား 21.1.18မှ 20.8.18ကြား 21.11.18 မှ 20.12. 18 ကြားရက်များတွင် အညံ့များလွှမ်းမိုးနေသည်။ ပေါ့ဆမှုကြောင့် ပညာရေးရည် မှန်းချက်အချို့ယိုယွင်းနိုင်သည်။ ၄င်းအချိန်ကာလများ နှင့် ထိပ်တိုက်ရင်ဆိုင်၍စာမေးပွဲများဖြေဆိုရန်ရှိက အ ထူးဝီရိယစိုက်ထုတ်ပါ။ ကျောင်းတက်နေသည့်စာသင် သားများအဖို့ ဆရာများနှင့်ပဋိပက္ခဖြစ်ခြင်း၊ ကျောင်း စည်းကမ်းဖောက်ဖျက်မှုကြောင့် ပညာရေးလမ်းကြောင်း ၌ ကမောက်ကမဖြစ်တတ်သည်။ အပေါင်းအသင်းမှား ယွင်းတတ်သည်။ ကျောင်းစာမှတစ်ပါး အခြားအရာများ အား စိတ်ဝင်စားနေမည်။ ထိုကာလမှတစ်ပါး အခြား ကာလများတွင် အနှောင့်အယှက်မရှိ ကောင်းပါသည်။ 21.1.18မှ 18.2.18 ကြား 21.6.18မှ 20.7.18 ကြား 21.10.18 မှ 20.11.18ကြားရက်များတွင် ဆောင် ရွက်မှုမှန်သမျှအောင်မြင်၍ ထူးထူးခြားခြား၊ ပေါက် ပေါက်မြောက်မြောက် အောင်မြင်မှုကိုရရှိမည်။ အဆင့် မြင့်အောင်မြင်မှုများအား အထင်အရှားရရှိမည်။ စာ မေးပွဲများဖြေဆိုရန်ရှိက ထူးထူးခြားခြားအောင်မြင်မှုရ ရှိမည်။ ၄င်းကာလများနှင့်တိုက်ဆိုင်ပြီး စာမေးပွဲများဆိုရန်ရှိပါက အထူးကံကောင်းပြီး ပညာကို အ ကြောင်းပြု၍ နိုင်ငံခြားရောက်ရှိမည်။ ပြည်ပမှကျောင်း၊ သင်တန်းများလျှောက်ထားရမည်။ )
ဤတစ်နှစ်တာအတွင်း ပညာရပ်သစ်များကို တိုးချဲ့လေ့လာနိုင်သည်။ (A, B, S, U, J)အက္ခရာနှင့် စသောပြည်ပနိုင်ငံရပ်ခြားများသို့ ပညာကိုအကြောင်း ပြု၍သွားရောက်ရခြင်းကြုံမည်။ အသက်မွေးမှုပညာရပ် များ၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုအဆင့်မြင့်သင်တန်းများ တက်ရောက်ရမည်။ တက်ရောက်သော ကျောင်းအပြောင်းအလဲနှင့် ဘာသာတွဲဆိုင်ရာအပြောင်းအလဲများ လုပ်ကိုင်၍ အကျိုးရှိမည်။ ရပ်တန့်ထားသောပညာရပ် များကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်မည်။ ကိုယ့်အ ပေါ်အထင်အမြင်သေးစွာနှင့်ဆက်ဆံဖူးသောသူများ ပင်လျှင် ကိုယ့်အပေါ်အံ့သြခြင်းဖြစ်လောက်အောင် ပညာအစွမ်းများပြသနိုင်မည်။ အဆင့်မြင့်ဘွဲ့လွန်အ တတ်ပညာများလေ့လာရန်၊ နိုင်ငံခြားသို့ကျောင်းတက် ရန်စီစဉ်ထားသူများ သွားရောက်သင်ကြားရန် အခြေ အနေကောင်းကြုံမည်။"

No comments:

Post a Comment

Note: Only a member of this blog may post a comment.