June 18th မှ June 24th ကြား - Find weekly Horoscope in my blog

June 18, 2018

June 18th မှ June 24th ကြား

မတော်တဆထိရှမှုအန္တရာယ်ဂရုစိုက်ရမည်။ စက်ပစ္စည်းများအပျက်အစီးများမည်။ ရန်ပဋိပက္ခများ နှင့် ထိပ်တိုက်တွေ့မည်။ အနှောင့်အယှက်ပေးသူများ ကို ရင်ဆိုင်အောင်မြင်မည်။ မူလစီစဉ်ထားသည်များ အလုံးစုံအလွဲလွဲ၊ အချော်ချော်ဖြစ်မည်။ ငွေကုန်၊ စိတ် ပန်းဖြစ်ပြီးမှ အလိုဆန္ဒပြည့်စုံမည်။ နာရေးကိစ္စများကူ ညီဆောင်ရွက်နိုင်မည်။ ပူးပေါင်းလုပ်ကိုင်ရန်စီစဉ်ထား ပြီးမှ တစ်ပါးသူကတိပျက်၍ တစ်ဦးတည်းလုပ်ကိုင်ရ ရုတ်တရက်ပေါ်ပေါက်လာ သောအခြေအနေအရပ်ရပ်ကို အသုံးချဆောင်ရွက် အောင်မြင်မည်။ လူလွတ်အမျိုးသားများအဖို့ မိမိထက်အသက်အရွယ်ကြီးသောအမျိုးသမီးများနှင့် ချစ်ကျွမ်း ဝင်မည်။ အကြံအစည်တို့ကို တစ်ပါးသူအားဖွင့်ပြော၍မရ၊ စိတ်ကူးဉာဏ်သစ်ကို ခိုးဝှက်၍တုပခြင်းများ ပြုခံရလိမ့်မည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.