အပျောက်အရှများမည်။ စီစဉ်ထားသည်များ အလွဲလွဲအချော်ချော်ဖြစ်မည်။ အပြောင်းအလဲသစ်များ နှင့်တိုးတက်အောင်မြင်ခြင်းရှိမည်။ အိမ်တွင်သူခိုးကပ် တတ်သည်။ အိမ်ရှေ့တံခါးတွင် လုံခြုံရေးအားနည်း မည်။ လက်စွပ်၊ လက်ပတ်နာရီ၊ နားကပ်၊ ဆွဲကြိုးစသည့် ကိုယ်နှင့်မကွာ အမြဲဝတ်ဆင်သည့်ပစ္စည်းများ ခေတ္တ ချွတ်ထားစဉ် သတိမေ့လျော့၍ အတန်ကြာပြန်ရှာလေ သော်မတွေ့။ ပျောက်ကိန်းဆိုက်မည်။ အလိုက်မသိ သောဧည့်ဆိုးများ လာရောက်တည်းခို၍ စိတ်အနှောင့် အယှက်ဖြစ်ရမည်။ ပေါ့ပေါ့တန်တန်ဆောင်ရွက်မိ၍ ပြီး စီးလုနီးကိစ္စများအား အစမှပြန်လည်လုပ်ကိုင်ရမည်။ ရောင်းမှားဝယ်မှား ဖြစ်တတ်သည်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.