ကောင်းမယောင်နှင့် ဆိုးသောကာလဖြစ် သည်။ ကတိပျက်သောသူများနှင့် တွေ့တတ်သည်။ နှောင့်နှေးခြင်း၊ ကြန့်ကြာခြင်းများရှိမည်။ မည်မျှ ကောင်းအောင်နေစေလိုက်လံအပြစ်ရှာ၍နှောင့်ယှက် သောသူများနှင့်တွေ.မည်။ စကားအပြောအဆိုမှား ယွင်းတတ်သည်။ အပြောနည်းလေ ကောင်းလေဖြစ် သည်။ ထူးခြားသောပုဂ္ဂိုလ်များနှင့်တွေ့ကြုံရမည်။ အများသူတစ်ပါးက လူဆိုးဟုသတ်မှတ်ထားသူက မိမိအားကာင်းစွာဆက်ဆံမည်။ သူတစ်ပါးရရှိရန်ခက်ခဲ သောအခွင့်အရေးများရရှိမည်။ ကာလအတန်ကြာ ကွယ်ပျောက်နေသော ကိုယ်ပိုင်အရည်အသွေးများ ပေါ်ထွန်းနေမည်။ မေတ္တာရေးကံကောင်းမည်။ သွားလေရာရောက်လေရာ မျက်နှာပွင့်လန်းမည်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.