သူတစ်ပါးကပေးလာသော အကူအညီကို ငြင်းပယ်၍ ကိုယ်စွမ်းကိုယ်စရှိသမျှ မာနနှင့်ဆောင် ရွက်ခြင်းဖြင့် အောင်မြင်တိုးတက်မှုများရရှိမည်။ လူမျိုး ကွဲ၊ လူမျိုးခြားနှင့် ဆက်သွယ်လုပ်ကိုင်သောလုပ်ငန်း များမှ ထူးခြားသောတိုးတက်မှုများရရှိမည်။ နှိမ့်ချသော သူများအပေါ် မခံချင်စိတ်နှင့် တုန့်ပြန်၍လုပ်ကိုင်ကာ ဘဝအခြေအနေ အပြောင်းအလဲတို့ကို ဖန်တီးနိုင်မည်။အပြိုင်အဆိုင်အားလုံးကိုကျော်လွှား၍ လိုအင်ဆန္ဒများ ကို ပြည့်မြောက်အောင်ဆောင်ရွက်နိုင်မည်။ ငွေကြေး နှင့်ပတ်သက်သောကံကောင်းသည်။ မိတ်ကောင်း၊ဆွေ ကောင်းများထံမှ ကောင်းသောအထောက်အကူများရရှိမည်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.