Jan 29th မှ Feb 4th ကြား - Find weekly Horoscope in my blog

January 29, 2018

Jan 29th မှ Feb 4th ကြား



အတွင်းလူသစ္စာဖောက်မည်။ လျှို့ဝှက်ချက် များကိုဖော်ထုတ်တိုက်ခိုက်ခံရတတ်သည်။ အဆုံး သတ်ခါနီးမှအနှောင့်အယှက်ပေးသူကြုံမည်။ ကတိစာ ချုပ်များတွင် လက်မှတ်ထိုးခြင်းမပြုရ။ ကြားဝင်တာဝန် ယူခြင်း၊ အာမခံခြင်းမပြုရ။ တစ်ပါးသူကတိပျက်၍ ဆောင်ရွက်သမျှအနှောင့်အယှက်ရှိမည်။ အမေ၊ အ ဖွား၊ အဒေါ်အစရှိသည့်အသက်အရွယ်ကြီးရင့်သူအမျိုး သမီးကျန်းမာရေးအညံ့ရှိမည်။ အချစ်မှား၊ ဆုံးဖြတ် ချက်မှားမည်။ အများကိစ္စကိုအကြောင်းပြ၍ မိမိရပိုင် ခွင့်များ၊ အခွင့်အလမ်းများကို ပိတ်ဆို့နှောင့်ယှက်သူများနှင့်တွေ့မည်။ ခြံ၊မြေ၊ အခန်း၊ ကားဤအကြောင်းအ ရာတစ်ခုခု၌ ရောင်းမှားဝယ်မှားပြဿနာဖြစ်ခြင်းအ ပေါ် စကားများဖြေရှင်းရမည်။ နာမည်ဂုဏ်သိက္ခာကျ ဆင်းအောင် လိုက်လံနှောင့်ယှက်သူများကြုံမည်။ အိမ် တွင်ပစ္စည်းပျောက်မည်။ အတွင်းလူမှ ခိုးဝှက်ခြင်းဖြစ် မည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.