ဒီနှစ်အတွင်း သောကြာသားသမီးတွေအလုပ်ကံအထူးကောင်းကြတယ်။ အလုပ်ရှာနေသူများ အလုပ်ရလွယ်တယ်။ အလုပ်သစ်စီးပွားသစ်ထူထောင်လို့ အရမ်းကောင်းတယ်။ မိမိစိတ်ကူးပုံဖော်ထားတဲ့ကိစ္စ
တွေအကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ အိုးသစ်အိမ်သစ်တည်ဆောက်နိုင်ပါလိမ့်မယ်။ အိမ်ခြံမြေပိုင်ဆိုင်မှုတွေရတတ်တယ်။ အားနည်းချက်က ရန်များတာပါပဲ။ ဒီနှစ် လူမုန်းအရမ်းများတတ်တယ်။ အရင်ကတည်းက လူချစ်အောင်မနေတတ်သူများ ဒီနှစ်သတိထားပါ။ ထိပ်တိုက်တွေ့စရာ ရန်ဖြစ်စရာများကြုံလာတတ်၍ ရှောင်နိုင်သ၍ရှောင်ပါဗျာ
အချစ်ရေး ကဏ္ဍ
ဒီနှစ်အတွင်း အချစ်ရေးကသောကြာသားသမီးတွေနဲ့ မသက်ဆိုင်သလိုပါပဲ။ အချစ်ရေးနဲ့ ဝေးဝေးနေနိုင်ရင်အကောင်းဆုံးပါပဲ။ ၁၅၀၀အချစ်မေတ္တာနဲ့ပက်သက်ပြီး ကောင်းကျိုးပေးချိန်မဟုတ်ပါဘူး။ ၅၂၈မေတ္တာကပဲ ဒီကာလမှာမိမိအတွက် ကံကောင်းခြင်းတွေယူလာမှာပါ။ ချစ်သူရည်းစားရှိသူဆို ချစ်သူက မိမိကိုစိတ်ကုန်နေတာမျိုးကြုံရတတ်တယ်။ ဒါကြောင့်ပဲ ချစ်သူကမိမိကိုသည်းခံစိတ်နည်းပါလိမ့်မယ်။ နည်းနည်းလေးပြဿ နာဖြစ်တာနဲ့ လမ်းခွဲစကားပြောလာပါလိမ့်မယ်။ ဒါကြောင့်ဒီနှစ်သောကြာသားသမီးတွေ အချစ်ရေးအတိမ်းအစောင်းမခံပါဘူး။ သောကြာသားသမီးတော်တော်များများ အသဲကွဲတာကြုံရမဲ့နှစ်ပါပဲ။ အသဲမကွဲတဲ့ သောကြာသားသမီး ချစ်သူနဲ့ ဝေးနေရလိမ့်မယ်။ တစ်ယောက်တစ်မြို့ဆီ နေရတာမျိုးကိုဆိုလိုတာပါ။ အရမ်းချစ်ကြတဲ့သူတွေဆို မင်္ဂလာဆောင်ဖို့ အကြောင်းအမျိုးမျိုးနဲ့ အဆင်မပြေတာကြောင့် အရင်ဆုံးတရားရုံးမှာ နှစ်ဦးသဘောတူ လက်ထပ်ရတာမျိုးလဲကြုံရနိုင်ကြောင်းပါဗျာ။
အိမ်ထောင်ရေးကဏ္ဍ
အိမ်ထောင်ရေးကံကြမ္မာက မိမိပေါ်မှာမူတည်နေတာမျိုးတွေ့ရပါတယ်။ ဒီနှစ်ပိုင်းမှာ မိမိကိုယ်တိုင်က ငါပြောတာအမှန် ငါလုပ်တာအကောင်းဆိုတဲ့ စိတ်သဘောမျိုးဖြစ်ပေါ်နေပါတယ်။ "မှန်တာလုပ်တာပဲ
အိမ်ထောင်ဘက်လဲတိုင်ပင်စရာမလိုဘူး" ဆိုတဲ့စိတ်အခြေအနေမျိုး မဖြစ်ပေါ်အောင်ထိန်းပါ။ အဲလိုမှမဟုတ်ရင် အိမ်ထောင်ရေးကမိမိကြောင့် ပြဿ နာကို စတင်မီးမွှေးသလိုဖြစ်သွားတတ်လို့ပါပဲ။ သောကြာသားတွေထက် သောကြာသမီးတွေက အိမ်ထောင်ရေးကံ ပိုမိုပြီးညံ့ဖျင်းတဲ့နှစ်ပါ။ သောကြာသမီးများ အိမ်ထောင်ရေးသတိရှိပါလို့မှာချင်ပါတယ်။ စီးပွားရေးပဲ အာရုံစိုက်ပြီး အိမ်ထောင်ဖက်အပေါ်ဂရုမစိုက်မိသလိုဖြစ်နေတတ်တဲ့ နှစ်လို့ပြောချင်ပါတယ်ဗျာ။
အလုပ်စီးပွား ကဏ္ဍ
ပထမပြောခဲ့သလိုအလုပ်အကိုင်က ဒီနှစ်အထူးကောင်းပါတယ်။ အလုပ်တွေမပြတ်ရတတ်ပါတယ်။ အရင်နှစ်ကထက်ပိုပြီးတော့ အလုပ်ကောင်းပါလိမ့်မယ်။ မိမိရည်မှန်းထားသမျှလဲ အကောင်အထည်ဖော်နိုင်မှာပါ။ အလုပ်ကောင်းနေတော့ contractorsများ ၊ ဗောက်လိုက်လုပ်တဲ့သူများ၊ target ထားပြီးလုပ်ကိုင်ရတဲ့အလုပ်များ လဲဒီနှစ်အဆင်ပြေမှာပါ။ အလုပ်ပင်ပန်းတာကိုခံနိုင်ရည်မရှိသူများ အစကတည်းက ပျင်းရိသူများကတော့ ဒီနှစ်
တော့ ဒုက္ခများပါလိမ့်မယ်။ ဝန်ထမ်းများအလုပ်ပြုတ်တယ်ဆိုတာမျိုးကြုံရရင် သိပ်ပြီးမစိုးရိမ်ပါနဲ့။ ဒီထက်ကောင်းတဲ့အလုပ်တစ်ခုထပ်ရဖို့ ဖြစ်လာတယ်လို့မှတ်ပါ။ အလုပ်ရှာနေသူများ အလုပ်ရမှာပါ။ ထိုအလုပ်ကလဲ မိမိအတွက်ရေရှည်ကောင်းမဲ့ အလုပ်ဖြစ်လာပါလိမ့်မယ်ဗျာ။ ကိုယ်ပိုင်စီးပွားများချက်ချင်းမသိသာပေမဲ့ ရေရှည်တော့ တရိပ်ရိပ်နဲ့ စီးပွားတတ်လာမယ်လို့ ယေဘုယျပြောလို့ရပါတယ်။ သောကြာသားသမီးတွေထဲက စကားပြောတာကိုအရင်းပြု ပြီးအသက်မွေးရတဲ့ ကျူ ရှင်ဆရာ၊ သင်တန်းနည်းပြ၊ presenter ၊ ဗေဒင်ဆရာ စတဲ့အလုပ်များအကျိုးဖြစ်ထွန်းပါလိမ့်မယ်။
ငွေကြေး ကဏ္ဍ
ဒီနှစ်က ဇာတာရှင်ကငွေကြေးနဲ့ပက်သက်ပြီး လက်လွတ်စပယ်မလုပ်မိဖို့လိုပါတယ်။ ငွေကြေးနဲ့ပက်သက်ရင် မိမိအနေနဲ့ ဆုံးဖြတ်ချက်မှားတတ်ပါတယ်။ မလိုအပ်တဲ့နေရာရင်းနှီးမြုပ်နှံမိတာမျိုးပေါ့။ နောက်ပြီး ငွေချေးတဲ့ကိစ္စပေါ့။ လုံးဝမလုပ်ပါနဲ့။ အတိုးမယူဘဲ စာချုပ်စာတန်းနဲ့ ချေးရင်တောင်မှ ပြန်မပေးဘဲ ထွက်ပြေးသွားလိမ့်မယ်။ စီးပွားအသစ်တစ်ခု လုပ်ငန်းအသစ်တစ်ခု စတင်ဖို့ငွေသုံးမယ်ဆို သုံးပါ။ အိမ်ခြံမြေဝယ်ဖို့ သုံးမယ်ဆိုသုံးနိုင်ပါတယ်။ ဒါပေမဲ့ လူလိမ်မထိဖို့ အရှုပ်အရှင်းကင်းဖို့တော့လိုတာပေါ့လေ။ ငွေကြေးကံကကောင်းပါတယ်။ငွေကြေးဝင်မှာပါ။ ဒါပေမဲ့ ပြန်သုံးတဲ့ငွေကတော့ မြုပ်သွားတတ်ပါတယ်။ အိမ်ဝယ်လို့ ခြံဝယ်လို့ ဆိုင်ဆောက်လို့ ငွေမြုပ်တာ ငွေပြန်မပေါ်တာကိစ္စမရှိပေမဲ့
လူလိမ်ခံရလို့ ရောင်းမှားဖြစ်လို့ ငွေကုန်သွားရင်တော့ ဒုက္ခရောက်နိုင်ပါတယ်။ မိမိရဲ့အတွေ့အကြုံကပဲ ထိန်းသွားမဲ့နှစ်ပါ။
ကျန်းမာရေး ကဏ္ဍ
ကျန်းမာရေးကတော့ဒေါင်ဒေါင်မြည်တဲ့နှစ်လို့ ပြောလို့မရပါဘူး။ အထူးသဖြင့် အမျိုးသမီးတွေပါ။ အမျိုးသမီးနဲ့ ပက်သက်ဆက်နွယ်သော ဓမ္မတာမမှန်တာ ချွေးငုတ်သွေးငုတ်ဖြစ်တာမျိုးလဲ ကြုံရနိုင်ပါတယ်။ အချို့ကတော့ မိမိကကျန်းမာရေးကောင်းပါရဲ့ ကိုယ့်အိမ်သားတွေက ကျန်းမာရေးညံ့သွားတာမျိုးလဲဖြစ်တတ်ပါတယ်။ သွေးအားနည်းခြင်း ၊ အာရုံကြောအားနည်းခြင်း၊ သွေးတိုးရောဂါ စတာတွေကိုဒီနှစ်ထဲအထူးဂရုစိုက်ရပါလိမ့်မယ်။ ခရီးသွားခြင်းကြောင့်လဲ ခရီးပန်းပြီး ကျန်းမာရေးခြူ ခြာသွားတာမျိုးလဲ ကြုံရတွေ့ရနိုင်ကြောင်းပါဗျာ။ အထူးသဖြင့်
ဖေဖော်ဝါရီလ၊ မေလ၊ ဇွန်လနဲ့ နိုဝင်ဘာလတွေမှာကျန်းမာရေးအားနည်းတတ်ကြောင်းပါဗျာ
ပညာရေး ကဏ္ဍ
ပညာရေး ကဏ္ဍကဒီနှစ်ထူးခြားပါတယ်။ ကျက်ရမှတ်ရတဲ့ ကျောင်းစာထက် အသိပညာ အတတ်ပညာဆိုတာမျိုး ပိုပြီးအောင်မြင်မဲ့နှစ်ပါ။ ကျောင်းစာထက် ရဟန်းသံဃာတွေရဲ့ ပရိယတ္တိပညာရေးကပိုအားကောင်းပါတယ်။ အဘိဓမ္မာသင်တန်းများ ဘာသာရေးနဲ့ပက်သက်သော သင်တန်းများ အထူးအောင်မြင်ပေါက်ရောက်တတ်ပါတယ်။ အဓိဌာန်ဝင်ခြင်း ၊ ဝိပဿ နာအားထုတ်ခြင်းတွေကနေ ပညာထူး
အသိထူးတွေရလာပါလိမ့်မယ်။ ကျောင်းသား ကျောင်းသူများ ပညာရေးအပေါ် စိတ်ဝင်စားမှုအားလျော့နေတတ်ပါတယ်။ ဒါကလဲမိသားစုအိမ်တွင်းရေးပြဿ နာတွေကြောင့် စာကိုအာရုံစိုက်လို့မရတာမျိုးဖြစ်ရတတ်တာပါ။
အထွေထွေ
ဒီနှစ်က လောကီကောင်းကျိုးထက်လောကုတ္တရာကောင်းကျိုးတွေက ပိုပြီး အကျိုးပေးသန်ပါတယ်။
ကံကြမ္မာက ဘာသာရေးကိုအလေးထားလုပ်ဆောင်စေချင်တဲ့ သဘောမျိုးတွေ့ရပါတယ်။ လောကီ ကိစ္စတွေကို စိတ်ပျက်သွားစေဖို့ ကံကြမ္မာက တွန်းအားပေးပါလိမ့်မယ်။ ဒါကြောင့်ပဲ ရဟန်း/သီလရှင် ဒုလ္လဘယာယီဝတ်ခြင်းက ကံကြမ္မာနဲ့လိုက်လျောညီထွေဖြစ်ပြီး ကံမြင့်လာစေမှာပါ။ ဒီနှစ်ပိုင်းမှာ ဒုက္ခများတဲ့ကိစ္စတွေဟာ နောင်နှစ်များစွာကောင်းဖို့ ဖြစ်တည်လာတယ်လို့ စိတ်ထဲမှတ်ယူဖြေသိမ့်ပါ။ ဒီနှစ်စတင်တဲ့ လုပ်ငန်းတွေတစ်နှစ်လောက် အကြပ်အတည်းကြုံ ပြီးတာနဲ့ ရေရှည်ကောင်းကျိုးပေးပါလိမ့်မယ်။
အကျိုးပေးဂဏန်းများ ၆/၁/၅/၂
အကျိုးပေးနေ့နံများ ကြာသပတေး၊ သောကြာ၊
တနင်္ဂနွေ၊
အကျိုးပေးအရောင်များ _ အကွက်စိပ်များ၊ရောနှော အရောင်များ၊ အနီရောင်များများ ပါသောအသုံးအဆောင်များ
ယတြာများ
*ဒီနှစ်အတွင်း ရဟန်းသံဃာတွေကို သိက္ခာထပ်ခြင်းဖြင့် ကုသိုလ်ယူပါ။
*ဘိုးဘွားမိဘတွေကို တတ်နိုင်သ၍မကြာခဏကန်တော့ပေးပါ။
*အတာအိုးလေးတစ်လုံးဝယ်ပါ။ သဲအပြည့်ထည့်ပါ။သဲစိုသွားအောင်ရေထည့်ပါ။ ထိုသဲအိုးထဲ အုန်း၆ညွှန့်ထိုးစိုက်ပြီး ဧည့်ခန်းမှာအလှထားပါ။
*မိမိထက်နွမ်းပါးသူများကို နို့ဆီဗူးလေးတွေဝယ်ပြီးလက်ဆောင်ပေးပါ။
*သံဗုဒ္ဓေဂါထာကိုတစ်နေ့ ၁၀၈ခေါက်ရွတ်ဆိုပူဇော်ပါ။ (ပုတီးတစ်ပတ်စိပ်လဲရပါတယ်)
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)
No comments:
Post a Comment
Note: Only a member of this blog may post a comment.