17.1.2018 to 17.1.2018 - Find weekly Horoscope in my blog

January 13, 2018

17.1.2018 to 17.1.2018

စနေ 

  လုပ်ချင်တာတွေ လုပ်ခွင့်ရမည်။ ဖြစ်ချင်တဲ့ဆန္ဒတွေအကောင်အထည်ဖော်နိုင်မည်။ အိမ်ထောင်ရေးအဆင်မပြေသူများ အခြားတစ်ယောက်အပေါ်စိတ်ညွှတ်သွားနိုင်တဲ့ကာလပါ။ ငယ်ရွယ်သူများ နီးစပ်သူများနဲ့ ငြိစွန်းလွယ်ပါတယ်။ အဲဒါအချစ်စစ်မဟုတ်ပါဘူး။ အွန်လိုင်းကနေ အီစီကလီလေးတွေနဲ့ အပြင်မှာ ချိန်းတွေ့မိတတ်တယ်။ လူမျိုးခြား ဘာသာခြားတွေရဲ့အကူအညီတွေရမယ်။ ရ့ပ်ဝေးက သတင်းကောင်းကြားရမည်။ မိမိကြောင့် သူများတွေစိတ်ချမ်းမြေ့ရမယ်။ မိမိအကြံပေးမှုကြောင့် သူများတွေအဆင်ပြေမည်။ ကျန်းမာရေးကတော့ အားနည်းချက်ရှိပါတယ်။ အဆိုးကြီးမဟုတ်ပေမဲ့ ဂရုစိုက်ဖို့လိုပါတယ်။ ပညာရေးနဲ့ပက်သက်ရင်ပညာသစ်များ လျှို့ဝှက်နက်နဲသောပညာရပ်များသင်ကြားရပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၇/၀/၆
အထူးဟော  စိတ်ပျော်ရွှင်ရမည်၊
ယတြာ     ထီလက်မှတ်လက်ဆောင်ပေးပါ။

၇ရက်သားသမီးအပေါင်း
      ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

                 ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
              Viber Only( 09775555695)

No comments:

Post a Comment

Note: Only a member of this blog may post a comment.