၂၀၁၇ ရတနာဝတ်ဆင်မှု - Find weekly Horoscope in my blog

March 30, 2016

၂၀၁၇ ရတနာဝတ်ဆင်မှု

၂၀၁၇ တစ်နှစ်တာအတွင်း မကာရရာသီဖွား တို့အတွက် ကံမြင့်လာဘ်ပွင့်စေသောရတနာ(၆)မျိုး သည်ကား ပတ္တမြား၊ တာကွစ်၊ ပယင်း၊ ပြောင်ခေါင်းစိမ်း၊မဟူရာနှင့် Tiger's Eye ကျောက်တို့ဖြစ်ပါသည်။ 
ပတ္တမြား(Ruby)ရတနာသည် စိတ်စွမ်းအားကိုထက် မြက်စေသည်။ ရဲစွမ်းသတ္တိနှင့် အရာရာအပေါ်ပြတ်သား စွာရင်ဆိုင်နိုင်သောစွမ်းအားကိုပိုင်ဆိုင်သည်။ အခက် အခဲများနှင့်ရင်ဆိုင်သောအခါ လွယ်ကူစွာဖြေရှင်းနိုင်မည်။ အဆင့်မြင့်အောင်မြင်မှုများရရှိစေမည်။ ပီယ ဓာတ်ကောင်းမည်။ ဆွဲဆောင်မှုစွမ်းအားမြင့်မားမည်။
တားကွစ်(Turquoise) ရတနာသည် တည်ငြိမ်အေးချမ်းမှုကိုဖြစ်ထွန်းစေသည်။ စီးပွားဓနနှင့်ဘဝအောင် မြင်မှုတို့ကို အဆင့်ဆင့်ပေါ်ထွန်းစေသည်။ ပဋိပက္ခတို့ ကိုငြိမ်းအေးစေသည်။အတတ်ပညာကိုအသုံးချ၍ အ ဆင့်မြင့်တက်လမ်းများပေါ်ပေါက်စေသည်။
ပယင်း(Amber)ရတနာသည် အတွေးအခေါ်သစ် များပေါ်ထွန်းစေသည်။ ဉာဏ်စွမ်းအားထက်မြက်၍စိတ် ကူးအကြံဉာဏ်ကောင်းများပေါ်ထွန်းမည်။ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနိုင်မည်။ အများအပေါ် ဦး ဆောင်နိုင်စွမ်းရှိမည်။
ပြောင်းခေါင်းစိမ်း(Peridot)ရတနာသည် စိတ်ခံစား မှုတို့ကို ထိန်းချုပ်နိုင်စွမ်းရှိမည်။ အကြံဉာဏ်သစ်နှင့် လမ်းသစ်ထွင်ကာခေဆာင်ရွက်နိုင်စွမ်းမြင့်မားမည်။ ဥစ္စာစီးပွားတိုးပွားစေမည်။ အဆင့်မြင့်တိုးတက်မှုများ ဖန်တီးနိုင်မည်။
ကျားမျက်လုံး (Tiger's Eye)ရတနာသည်ကျန်းမာ ခြင်း၊ စိတ်စွမ်းအားနှင့်ကိုယ်ပိုင်စွမ်းပကားမြင့်မားခြင်း တို့ကိုဖြစ်ပေါ်စေသည်။ ထက်မြက်စွာစွန့်စားထိုးဖောက် ၍ လုပ်ကိုင်နိုင်စွမ်းရှိမည်။ ပြည်ပခရီးကံအတွက် အထောက်အကူရစေမည်။
မဟူရာ(Onyx)ရတနာသည် ငွေကြေးဓနတိုးပွား ခြင်းကိုဖြစ်ထွန်းစေသည်။ သီးသန့်တစ်ကိုယ်တော်လုပ်ကိုင်မှုများတွင် အောင်မြင်မှုမြင့်မားစေမည်။စိတ်တိုအမျက်ထွက်မှုအား ထိန်းချုပ်နိုင်ခြင်းနှင့် သည်းခံမှုတို့ ဖြစ်ပေါ်စေမည်။ သမာဓိအားကောင်းမည်။

အပြာရင့်ရောင်၊ ခရမ်းရောင်၊ နီညိုရောင်ကျောက်တို့ နှင့် အလှပြုလုပ်ထားသောရင်ထိုး၊ လည်ဆွဲတို့ကိုဝတ်၌ ဆင်သုံးစွဲအပ်သည်။ ဆင်စွယ်နှင့်ပြုလုပ်ထားသောအ လှဆင်ပစ္စည်းများသုံးစွဲနိုင်သည်။ ဆိတ်ဦးချိုပုံရင်ထိုး တို့ကိုသုံးစွဲနိုင်သည်။ ဘယ်ဘက်လက်သန်းကြွယ်တွင် ရွှေဝါရောင်နှင့်ပြုလုပ်ထားသော လက်စွပ်နှင့် ရွှေဖြူနှင့် ပြုလုပ်ထားသောလက်စွပ်(၂)ကွင်းကိုထက်အောက် တွဲ၍ ဝတ်ဆင်ခြင်းပြုပါ။ အဖြူရောင်၊ ခရမ်းရောင်၊ အ ပြာရင့်ရောင်(Quartz)သလင်းကျောက်နှင့်ပြုလုပ်ထားလက်ကောက်၊ လည်ဆွဲ၊ နားကပ်တို့ကို ဝတ်ဆင် ခြင်းပြုပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.