ပင်ကိုသဘာဝတွင် သီးသီးသန့်သန့်နေထိုင် တတ်သည်။ အလွယ်တကူမိတ်မဖွဲ့။ အပေါင်းအသင်း မိတ်ဆွေနည်းပါးစွာထားတတ်သည်။ ထားသောသူများ အပေါ်တွင်လည်း ပေးဆပ်အနစ်နာခံတတ်သည်။ ဘဝ တလျောက်တစ်ပါးသူအတွက် ဘဝပေးဆပ်အနစ်နာခံ ရခြင်းရှိမည်။ အနစ်နာခံပြီး ဆောင်ရွက်ပေးရလေ့ရှိ မည်။ ကိုယ်ကစေတနာထားသော်လည်း ကိုယ့်အပေါ် ပြန်လည်စေတနာထားသူလွန်စွာရှားပါးမည်။
21.1.17 မှ 18.2. 17ကြား
21.4.17 မှ 20.5. 17 ကြား
21.8.17 မှ20.9.17 ကြားရက်များတွင် ကိုယ်ကကူ ညီပေးခဲ့သောသူများက ကိုယ့်အပေါ်ပြန်၍ ဒုက္ခပေး မည်။ ယုံကြည်လွဲအပ်ထားသူက သစ္စာမဲ့၍ ယုံကြည်မှု ကိုအလွဲသုံးစားပြုလိမ့်မည်။
21.5.
17မှ 20.6. 17ကြား
21.11,
17 မှ 20.12. 17 ကြားရက်များတွင် မိတ် ကောင်းဆွေကောင်းအကူအညီရမည်။ ဝေးကွာနေသော မိတ်ဆွေဟောင်းများနှင့် ပြန်လည်တွေ့မည်။ လူမှုရေး ကိစ္စ၊ အဖွဲ့အစည်းကိစ္စများတွင် ပါဝင်ဆောင်ရွက်ရမည်။ လူမျိုးကွဲ၊ လူမျိုးခြားအကျိုးပေးမည်။ ကိုယ့်အပေါ်ဒုက္ခ ပေးသောသူများအား ဖော်ထုတ်ဖယ်ရှားနိုင်မည်။
၂၀၁၇ တစ်နှစ်တာအတွင်း -
အမည်အက္ခရာ (အ၊ ဥ၊ ဇ၊ဩ)စသောသူများနှင့်မကြာ ခဏစကားများရမည်။ အယူအဆရပ်တည်ချက်၊ ဦး တည်ချက်ခြင်းမတူ။ သာမန်ကိစ္စများတွင် ပူးပေါင်းနိုင် သည်။ အလုပ်ကိစ္စ၊ အရေးပါသောကိစ္စများတွင်ကား တွဲဖက်၍အဆင်မပြေပါ။ လူမျိုးကွဲ၊ လူမျိုးခြားဖြစ်ကသင့်ရုံသာကောင်း၏။
အမည်အက္ခရာ (က၊ ခ၊ ဂ၊ ဃ၊ င)စသောသူများနှင့် ပူးတွဲ၍ အကျိုးကောင်းရမည်။ အရေးကြုံက မိမိဘက်မှရပ်တည်မည်။ ကောင်းသောအကြံဉာဏ်ပေးမည်။ ပူး ပေါင်းလုပ်ကိုင်သောကိစ္စများမှ ထူးခြားသောတိုးတက်မှုများရရှိမည်။ အကြံသစ်၊ လုပ်ငန်းသစ်များ တွဲဖက်ဆောင်ရွက်နိုင်သည်။
အမည်အက္ခရာ၊ (စ၊ ဆ၊ ဇ၊ ဈ၊ ည)စသောသူများအထူး အကျိုးပေးသည်။ ငွေကြေးလုပ်ငန်း တိုးတက်စေမည်။ ပူးပေါင်းလုပ်ကိုင်သောကိစ္စမှန်သမျှ ထူးခြားစွာတိုး တက်ခြင်းရှိမည်။ လာဘ်ကောင်းစေသေတမိတ်ဖက်ဖြစ် သည်။ အရေးကြုံက ညီညွတ်စွာဆောင်ရွက်၍ တိုး တက်မှုအဆင့်ဆင့်ရရှိမည်။
အမည်အက္ခရာ (ယ၊ ရ၊ လ၊ ဝ)စသောသူများနှင့် တွဲ ဖက်၍အဆင်မပြေပါ။ ပြဿနာများဖြစ်တတ်သည်။ ငွေကြေးဆုံးရှုံးမည်။ အမှုအခင်းဖြစ်မည်။ ဒုက္ခပေး မည်။ မိမိအပေါ်အနစ်နာမခံပါ။ ပူးပေါင်းလိုက်တိုင်း အ ညံ့ကြုံမည်။ လူမှုရေးတွဲဖက်မှုများတွင် ဒုက္ခပေးမည်။
အမည်အက္ခရာ (ပ၊ ဖ၊ ဗ၊ ဘ၊ မ)နှင့်စသောသူများ ကောင်းကျိုးပေးမည်။ အပြန်အလှန်နားလည်မှုရှိ၏။ ငွေကြေးလုပ်ငန်းများ တိုးတက်စေသောသဘာဝရှိ သည်။ အကြံသစ်များ၊ လုပ်ငန်းသစ်များ ပူးပေါင်းအ ကောင်အထည်ဖော်နိုင်မည်။
အမည်အက္ခရာ (သ၊ ဟ)နှင့်စသောသူများနှင့် ပူးတွဲ ဆောင်ရွက်ခြင်းများအောင်မြင်မည်။ ရေရှည်စီမံကိန်း ချ၍ ဆောင်ရွက်သောလုပ်ငန်းအကျိုးပေးမည်။ အပြန် အလှန်နားလည်သဘောပေါက်ပြီး ညီညွတ်စွာလက်တွဲပြီးထင်ရှားသောအောင်မြင်မှုများရရှိမည်။
အမည်အက္ခရာ (တ၊ ထ၊ ဒ၊ ဓ၊န)နှင့်စသောသူများနှင့် စရိုက်သဘာဝကွာဟမည်။ အဓိကဒုက္ခပေးသောသူဖြစ် လာမည်။ နှစ်ဦးပူးပေါင်း၍မဖြစ်နိုင်။ မိမိကိုအသုံးချမည်။ ၄င်းရှုပ်ထွေးသောပြဿနာများ မိမိအပေါ်ပုံချတတ် သည်။ သတိနှင့်ဆက်ဆံပါ။ ပူးတွဲ၍အကျိုးမဲ့စေမည်။
မှတ်ချက်။ ။ Capricorn(မကာရရာသီဖွား)၊ Taurus(ပြိဿရာသီဖွား) Cancer(ကရကဋ်ရာသီဖွား)၊ Virgo(ကန်ရာသီဖွား)များ ၄င်းရာသီခွင်(၄)ခု တွင်မွေးသောသူများဖြစ်ပါက မည်သည့်အက္ခ ရာနှင့်စသောသူဖြစ်စေ၊ မည်သည့်နေ့တွင်မွေးသောသူ ဖြစ်စေ မိမိအတွက်ထာ၀ရအကျိုးပေးသောမိတ်ဖက်အဖြစ်ရပ်တည်မည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.