မကာရရာသီဖွားတို့၏ ဘဝအခြေအနေနှင့် ပင်ကိုသဘာဝအဖြာဖြာကို စိုးမိုးချုပ်ကိုင်ထားသောအ ဓိက ကြယ်(၅)လုံးရှိသည်။ ၄င်းတို့သည်ကား ’ပိုလစ်’
(Polis) "ဖက်စီ"(Facies) "ဝဂ္ဂါ" (Wega). "ဒီနက်" (Deneb)၊ 'တယ်ရီဗဲလမ်”(Terebellium)ကြယ်တို့ဖြစ် သည်။ ၄င်းကြယ်အလင်းတန်းတို့၏ ထိတွေ့မှုအရ မကာရရာသီဖွားတို့၏ အဓိကကောင်းဆိုးစရိုက်များ ပေါ်ပေါက်လာခြင်းကို အုပ်စု(၅)စုခွဲ၍ တစ်နှစ်တာအ တွက် ဖော်ကျူးတင်ပြရသော်
ဒီဇင်ဘာ ၂၂၊ ၂၃၊ ၂၄၊ ၂၅၊ ၂၆ ရက်နေ့မွေးသောသူ များသည် ကောင်းကင်ထက်ရှိ လေးသည်တော်နက္ခတ် ပုံရိပ်၏လေးကိုင်းပေါ်တွင်ရှိသော သုံးလုံးတွဲဖြူပြာ ရောင်’ ပိုလစ်’ကြယ်အလင်းတန်းထိတွေ့မှုကြောင့် ဤတစ်နှစ်တာအတွင်း အရာရာသတိလွန်ကဲတတ် သောသဘာဝရှိလာသည်။ ဆောင်ရွက်သောကိစ္စမှန်သ မျှ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ရှေ့ဆက်တိုးကာ လုပ်တတ်သည်။ ရပ်တန့်ခြင်းမပြု။ ခေါင်းမာမှုလွန်ကဲသည်။ ပုံသေလုပ်သောသဘာဝရှိသည်။ မည်သည့်ကိစ္စ ကိုမဆို လျင်မြန်စွာဆုံးဖြတ်ရှေ့တိုးလုပ်ကိုင်လိမ့်မည်။ စိုးမိုးလိုစိတ်ပြင်းထန်သည်။ ဩဇာအရှိန်အဝါကို အ ပြည့်အဝသုံးစွဲလေ့ရှိသည်။ စိတ်ခံစားချက်ကို ဦးစား ပေးသည်။ ဖြစ်လိုသောဆန္ဒများ တစ်မျိုးပြီးတစ်မျိုးဖြစ် ပေါ်ကာ ရောက်ရှိနေသောအနေအထားအပေါ်အားမ လိုအားမရဖြစ်နေတတ်သည်။ မိမိကိုယ်မိမိ ဖျက်ဆီး တတ်သောသဘာဝရှိသည်။ လိုက်လျောပျော့ပျောင်းစွာဆက်ဆံသောအလေ့အထမရှိ။ ခက်မာသည်။ အေးတိအေးစက်နှင့် တဇွတ်ထိုးလုပ်တတ်သည်။ ဤစရိုက် သဘာဝတို့ကို ပြုပြင်ထိန်းချုပ်ရန်လိုအပ်ပေသည်။
ဒီဇင်ဘာ ၂၇၊၂၈၊၂၉၊ ၃ဝ၊ ၃၁ရက်နေ့မွေးသောသူများ သည် ကောင်းကင်ထက်ရှိလေးသည်တော် နက္ခတ်ပုံ ရိပ်၏လေးကိုင်းအလယ်တွင်ရှိသော”ဖက်စီ” အမည်ရှိ သောတောက်ပကြယ်စု၏အလင်းတန်းထိတွေ့မှုကြောင့် ဤတစ်နှစ်တာအတွင်း အရာရာမိမိလုပ်သလိုဖြစ်မည်။ မိမိဆောင်ရွက်လျှင်မဖြစ်နိုင်ကြောင်းမှတ်ယူကာ ကိုယ် စွမ်းကိုယ်စအပေါ်ယုံကြည်မှုလွန်ကဲခြင်းကြောင့် မလို လားအပ်သောပြဿနာများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်နိုင်သည်။ ပတ်ဝန်းကျင်နှင့်အဆင်ပြေအောင်ဆက်ဆံ ခြင်းကို အလေးမထားဘဲတစ်သီးပုဂ္ဂလလုပ်ကိုင်ဆောင်ရွက်သောစိတ်ဓာတ်များ လွှမ်းမိုးနေသည်။ အမှန်ကိုအမှန်တိုင်းပြောခြင်း၊ ရင်တွင်းစကားမခြွင်းချန်ဘဲ လွန် လွန်ကဲကဲ၊ ပွင့်ပွင့်လင်းလင်းပြောဆိုလုပ်ကိုင်သောသဘာဝများပေါ်ထွန်းနေမည်။ ဆောင်ရွက်လိုသောအ ကြောင်းအရာတစ်ခုကိုသာဦးစားပေးကာ လုပ်ကိုင် ခြင်းကြောင့် အမှားအယွင်းများဖြစ်ပေါ်တတ်သည်။
လက်တွေ့ဆန်မှုလွန်ကဲခြင်းကြောင့် မလိုလားအပ် သောပြဿနာများဖြစ်ပေါ်တတ်သည်။ ကိုယ်ကဦး ဆောင်ပြီးဆောင်ရွက်ခွင့်မရသောလုပ်ငန်းကို စိတ်မ ဝင်စားသောမာန်မာနများပေါ်ထွန်း၏။ ဤသဘာဝတို့ ကိုပြုပြင်အပ်ပေသည်။
ဇန်နဝါရီ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ဂု၊ ၈ ရက်နေ့မွေးသောသူ များသည် ကောင်းကင်ထက်ရှိလိုင်ရာနက္ခတ်ပုံရိပ်၏ စောင်းကောက်အောက်ခြေတွင်ရှိသော တောက်ပ သည့်ဖြူပြာရောင်’ဝဂ္ဂါ”ကြယ်အလင်းတန်းထိတွေ့မှု ကြောင့် စိတ်ခံစားချက်ကိုဦးစားပေးမည်။ စိတ်အကဲ ဆတ်မှုလွန်ကဲနေမည်။ နောက်ပြောင်ကင်္ကျီစယ်မှုကိုပင်သည်းမခံနိုင်လောက်အောင် စိတ်တိုစိတ်ဆတ်နေ မည်။ လိုက်လိုက်လျောလျော၊ ပျော့ပျော့ပျောင်းပျောင်း အဆင်ပြေအောင်ဆက်ဆံသောစရိုက် လျော့ပါးနေ မည်။ ကိုယ်ဖြစ်လိုသောအကြောင်းအရာများအပေါ် အလေးထားမှုလွန်ကဲကာ အခြားသူတို့အပေါ်စာနာမှုမ ရှိတော့ဘဲ လွန်လွန်ကဲကဲတောင်းဆိုတတ်သော စရိုက် ပေါ်ထွန်းမည်။ အလုပ်အကိုင်စီးပွားတိုးတက်မှုကိုသာ အဓိကအလေးထားပြီးနေ့မအားညမအားအလေးထား ဆောင်ရွက်ပြီး ပတ်ဝန်းကျင်နှင့်ကင်းကွာသွားတတ် သည်။ အသေးစိတ်၊ အနုစိတ်အကျယ်ချဲ့၍ တခမ်းတ နားလုပ်ကိုင်လိုသေသာစရိုက်လွမ်းမိုးကာ ချက်ချင်းပြီးစီး နိုင်သည့်ကိစ္စကိုပင် လွန်လွန်ကဲကဲ အချိန်ဆွဲ၍ဆောင် ရွက်ခြင်းကြောင့် ပဋိပက္ခများဖြစ်ပေါ်နိုင်သည်။ ဤသ ဘာဝတို့ကို ပြုပြင်ရန်လိုအပ်ပေသည်။
ဇန်နဝါရီ ၉၊ ၁ဝ၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄ ရက်နေ့မွေးသောသူ များသည် ကောင်းကင်ထက်ရှိစွန်ငှက်နက္ခတ်ပုံရိပ်၏ မျက်လုံးထဲတွင်တည်ရှိသော အစိမ်းရောင် (Deneb)
ကြယ်အလင်းတန်းထိတွေ့မှုကြောင့် ဤတစ်နှစ်တာအ တွင်း လွန်စွာမြင့်မားသောရည်ရွယ်ချက်များပေါ်ထွန်းလာမည်။ ကြီးပွားတိုးတက်အောင်မြင်လိုစိတ်များလွှမ်း မိုးကာ ထင်ရာစိုင်းသောစိတ်ပေါ်ထွန်းမည်။ အနည်း ငယ်သောအခက်အခဲနှင့်ကြုံလျှင်ပင် သည်းသည်းလှုပ် လှုပ်ခံစားသော စိတ်ဖိစီးမှုများဖြစ်ပေါ်တတ်သည်။ ဩ ဇာအရှိန်အဝါနှင့် တန်ခိုးအာဏာရရှိမှုအပေါ်အလွန်အ လေးထားနေမည်။ လုပ်ငန်းတူ၊ ဘဝတူတို့က ကိုယ့် ထက်နှာတစ်ဖျားသာသွားမည်ကိုပင် အစဉ်သဖြင့်စိုး ရိမ်ကြောင့်ကျနေမည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ် တစ်ပါးသူကအမှားအမှန်မည်မျှဝေဖန်စေ ပြုပြင်စိတ်မ ရှိဘဲ တဇွတ်ထိုးလိုစိတ်များအခါတိုင်းထက်ပိုများနေ မည်။ ကိုယ်ပိုင်စီရင်ထုံးနှင့် အဆုံးအဖြတ်ပြုလိမ့်မည်။ တင်းတင်းမာမာ၊ ခက်ခက်ထန်ထန်တုန့်ပြန်တတ်သော သဘာဝလွန်ကဲနေသည်။ အများသဘေဘာနှင့်လုပ်ကိုင် ရသည့်ကိစ္စများ လက်မခံနိုင်။ ဤစရိုက်သဘာဝတို့ကို ပြုပြင်ထိန်းသိမ်းအပ်ပေသည်။
ဇန်နဝါရီ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂ဝရက်နေ့မွေးသောသူ သည် ကောင်းကင်ထက်ရှိ လူတစ်ပိုင်းမြင်းတစ်ပိုင်း နက္ခတ်ပုံရိပ်၏မြင်းအမြီးတွင်တည်ရှိအေသာလိမ္မော်နီ ရောင် ’တယ်ရီဗဲလမ်’ ကြယ်အလင်းတန်းထိတွေ့မှုကြောင့် ဤတစ်နှစ်တာအတွင်း သူရဲကောင်းဆန်စွာ လုပ်ကိုင်လိုသည်။ ကိုယ်နှင့်ပတ်သက်မှုရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ ပါဝင်ပတ်သက်ပြောဆိုရန်ဝန်မလေး။ အမှားအမှန်ခွဲခြားခြင်းမရှိဘဲ တစ်ပါးသူတို့ပစ်ပယ်ထားသည့်သူတို့ဘက်မှ လူမုန်းခံကာ ရပ်တည်သောသဘာဝ လွှမ်းမိုးနေမည်။ တစ်ဖက်စွန်းရောက်အောင် အလွန် အကျွံတွေးခေါ်ပြောဆိုနေထိုင်တတ်သောသဘာဝရှိ သည်။ အစွဲအလမ်းကြီးသောစိတ်များ ဖြစ်ပေါ်နေမည်။ ချုပ်ချယ်မှုအလုံးစုံအပေါ် တွန်းလှန်တုန့်ပြန်တတ် သည်။ သူတစ်ပါးအပေါ်အမှီသဟဲမပြု။ တစ်ပါးသူအ ထောက်အကူမယူဘဲ မာန်မာနကိုဦးထိပ်တင်၍လုပ် ကိုင်မှုများကြောင့် ဆက်ဆံနေသောလူ့ပတ်ဝန်းကျင် နှင့်တစစ လွတ်ကင်းသွားကာ အထီးကျန်အနေအထား ကိုကျရောက်မည်။ အကြောင်းအရာဖြစ်စဉ်မှန်သမျှအပေါ် အသေးအမွှားသဘောမထားဘဲ အလေးအနက်အင်အားသုံး၍ ဖြေရှင်းတတ်သောသဘာဝပေါ်ထွန်း နေမည်။ ဤစရိုက်တို့ကို ပြုပြင်အပ်ပေသည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.