March 31, 2016

အချစ်ရေး၊ မေတ္တာရေး

"အချစ်ရေး၊ မေတ္တာရေး
လေးနက်သောမေတ္တာနှင့် အရူးအမူးချစ် တတ်သည်။ ပေးဆပ်သောမေတ္တာနှင့် တစ်ပါးသူတို့ ထက် အချစ်ပိုသူများဖြစ်ပေရာ(The ExcessiveLover) လွန်လွန်ကဲကဲ၊ သည်းသည်းလှုပ်လှုပ် ချစ်တတ်သူ များဟုဆို၏။ နှလုံးသားခံစားချက်ကိုဦးစားပေး၏။ ချစ် မိပြီဆိုက သည်းသည်းလှုပ်လှုပ်ဖြစ်သလောက် မုန်းပြီ ဆိုက လုံးဝလှည့်မကြည့်တတ်။ အစွန်းရောက်အောင် လွန်ကဲသည့်နှလုံးသားမေတ္တာကိုပိုင်ဆိုင်သည်။ အချစ် အကဲပိုမှုကြောင့် ပတ်ဝန်းကျင်နှင့်မိသားစုတို့၏ ဝေဖန် အပြစ်တင်မှုကိုခံရတတ်သည်။ နှလုံးသားရေးရာကိစ္စ ကို အခြားတစ်ပါးသူတို့နှင့်တိုင်ပင်ညှိနှိုင်းခြင်းမရှိ။ လျှို့ လျှို့ဝှက်ဝှက်ဆောင်ရွက်လေ့ရှိသည်။ ချစ်သူအပေါ်အ လိုလိုက်မှုလွန်ကဲသည်။ အချစ်နှင့်ပတ်သက်၍ ခံစားမှု လွန်ကဲသည်။ ဆုံးဖြတ်ထားပြီးကိစ္စအပေါ် ပြန်လည် ပြင်ဆင်ခြင်းမပြုရ။ 21.3.18မှ 20.4.18 ကြား
21.5. 18, 20 .6. 18 ကြား 21.9.18မှ 20.10.18ကြားကာလများတွင်အထူးစန်း
ကောင်းမည်။ လူချစ်လူခင်ပေါများမည်။ စိတ်ချမ်းမြေ့ရ မည်။ ဘဝအတွက်အရေးပါသော မေတ္တာရေး၊ အိမ်ထောင်ရေးကိစ္စများ ဆုံးဖြတ်ချက်ချရမည်။ စစ်မှန် သောမေတ္တာရေးကိုရရှိမည်။ အရွယ်လွန်အပျိုကြီး၊ လူ ပျိုကြီးများပင်လျှင် အိမ်ထောင်ရေးကိစ္စဆုံးဖြတ်ရမည်။ ချစ်သူမရှိသူချစ်သူရမည်။ ဝေးကွာနေသောသူများနှင့် ပြန်လည်ဆုံစည်းရမည်။ ဘဝအခြေအနေချင်း နီးစပ် ရန်ဖြစ်နိုင်စွမ်းမရှိဟု ထင်မြင်သတ်မှတ်ထားသူနှင့် မေတ္တာမျှမည်။ စန်းပွင့်မှုလွန်ကဲကာ တစ်ဦးထက်ပို သောမေတ္တာကိစ္စများ ပေါ်ထွန်းမည်။ ဘေးစကားသွေး သားအနှောင့်အယှက်များကြောင့် ဝေးကွာသွားသူနှင့် ပြန်လည်ဆုံစည်းအဆင်ပြေမည်။ 19.2.18မှ 20.3.18 ကြား
သည်။ 21.8.18မှ 20.9.18 ကြား 21.11.18 မှ 20.12.18ကြားကာလများတွင်စိတ်အ နှောင့်အယှက်ဖြစ်မည်။ သံယောဇဉ်အထားမှားတတ်
သည်။ စိတ်သောကရောက်ရမည်။ ချစ်သူ၏စိမ်းကားမှု နှင့် စိတ်အပြောင်းအလဲများအပေါ် နာနာကျည်းကျည်း ခံစားရကိန်းရှိသည်။ ဘေးစကား၊ သွေးသားများ၏လှုံ့
ဆော်မှုကြောင့် ဖြစ်ပေါ်လာသောပြဿနာများလည်းရှိ မည်။ ကိုယ့်အပေါ် နားလည်မှုအားနည်းခြင်းများကို လည်း သည်းသည်းလှုပ်ခံစားရမည်။ ချစ်သူမှခွဲခွာမှု စကားပြော၍ အဆက်အသွယ်ဖြတ်တောက်ခြင်းခံရ မည်။ အတိတ်ကာလမှလျှို့ဝှက်ချက်များကို ဖော်ထုတ် အတင်းအဖျင်းပြောသူများကြောင့် ချစ်သူမှယုံကြည်မှု လျော့ပါးကာ စိမ်းကားရက်စက်ခြင်းကြုံတတ်သည်။
အမည်အတွင်း(က၊ ခ၊ သ၊ ဟ)ပါသူများနှင့် မေတ္တာမျှနေသူများ ရုတ်တရက်မရည်ရွယ်ဘဲ အိမ်
ထောင်ပြုရသည်အထိကြုံနိုင်သည်။ မရမကသဲသဲမဲမဲ ကြိုးပမ်းပိုင်ဆိုင်ထားသည့်ချစ်သူရှိလျှက် ရုတ်ချည်း စိတ်ကစားကာ အချစ်သစ်ပေါ်ရာမှ မေတ္တာသစ်သည် လည်မမြဲ။ အချစ်ဟောင်းကလည်း လမ်းခွဲခြင်းကိုကြုံ တတ်သည်။ အသက် ၁၇၊ ၁၉၊ ၂၀၊ ၂၃၊ ၂၈၊ ၃၁၊ ၃၆ နှစ်အရွယ်ရောက်သူများသည် အသေးစား အချစ်ရေး
ပဋိပက္ခဖြစ်မှုအပေါ် အရွဲ့တိုက်ခြင်းကြောင့် အချစ်ရေး
ပညာရေး၊ အဆင်မပြေမှုများဖြစ်ပေါ်တတ်သည်။ဤတစ်နှစ်တာ အတွင်း နီးစပ်မှုကိုအခြေတည်၍၅၂၈ မှသည် ၁၅ဝဝမေတ္တာကူးပြောင်းခြင်းများဖြစ်ပေါ်တတ်သည်။အသက် ၁၈၊ ၂၁၊ ၂၂၊ ၂၄၊ ၂၅၊ ၂၇၊ ၃၀၊ ၃၂၊ ၃၃၊ ၃၅၊ ၃၇၊ ၃၉၊ ၄၁၊ ၄၂ အရွယ်ရောက်သူများအဖို့ အခြားသူတို့ ထက်ပို၍ မေတ္တာရေးစန်းပွင့်မည်။ အတိတ်ကာလမေတ္တာကံခေ၍ သောကဝေသူများအဖို့ ယခုနှစ်အတွင်း တစ်ပတ်နွမ်းအချစ်ကို တန်ဖိုးထားသူများနှင့်ကြုံကာ ပျော်ရွှင်ဖွယ်မေတ္တာလမ်းကြောင်းများ ပေါ်ထွန်းနိုင်သည်။"

No comments:

Post a Comment

Note: Only a member of this blog may post a comment.