ပန်းအသုံးပြုခြင်း - Find weekly Horoscope in my blog

March 30, 2016

ပန်းအသုံးပြုခြင်း

နှင်းဆီပန်းရောင်စုံ၊ အပြာရောင်၊ ခရမ်းရောင်၊ မဲနယ် ရောင်မေမြို့ပန်း၊ ကာနေးရှင်းပန်း၊ ခရမ်းရောင်သစ်ခွ၊ သစ္စာပန်းရောင်စုံတို့သည် ဤတစ်နှစ်တာအတွင်း ဘုရားပန်းအဖြစ်ကပ်လှူပူဇော်ပါ။ လိုရာဆုတောင်းပြည့်နိုင်သည့်အပြင် အလုပ်နေရာတွင်လည်းကောင်း ဧည့်ခေါ်လာဘ်
ခေါ်အဖြစ်သုံးစွဲခြင်းပြုပါ။ ကံကောင်းခြင်း။ လာဘ်လာဘပွင့်ခြင်းများဖြစ်မည်။
အရေးကြီးကိစ္စများဆောင်ရွက်သောအခါ အလို ပြည့်ဝအောင်မြင်စေရန်အလို့ငှာ ကြေးပန်းအိုးအတွဋ်၊ အနီရောင်နှင်းဆီ(၁)ပွင့်၊ သစ္စာပန်း(၁)ခက်၊ သပြေ(၁) ညွန့်တွဲ၍ထိုးကာ မိမိယုံကြည်ကိုးကွယ်ရာဘုရားကပ် ခြင်းဖြစ်စေ၊ မိမိအနီးအပါး အမြင့်တစ်နေရာတွင်တင် ခြင်းပြုပါ။ လိုရာဆောင်ရွက်အောင်မြင်မည်။
ပညာစာမေးပွဲဖြေဆိုသောအခါ အနှောင့်အယှက်မရှိ ဘဲ အဆင်ပြေအောင်မြင်ရန်အလို့ငှာ ကြေးပန်းအိုးအ တွင်း နှင်းဆီအနီ(၁)ပွင့်၊ ဂန္ဓမာ အဖြူ (၁)ပွင့်၊ သစ္စာ ပန်း(၁)ခက်ထိုး၍ ဘုရားကပ်လှူခြင်းပြုနိုင်သည်။ မိမိ အနီးအပါး အမြင့်တစ်နေရာတွင်တင်ခြင်းဖြစ်စေ ပြု လုပ်နိုင်မည်။
စိတ်အပူသောကကင်းစေရန်အလို့ငှာ ကြွေပန်းကန် ပြား၊(၁)ချပ်ပေါ်တွင် အဝါရောင်ဂန္ဓမာပန်း(၁)ပွင့်ကိုအ လယ်တွင်ထား၍ စံပယ်ပန်းတို့နှင့်ဝန်းရံကာ ဘုရားကပ် လှူခြင်းဖြစ်စေ၊ မိမိအနီးအပါးထားခြင်းဖြစ်စေ၊ပြုပါက ကြုံတွေ့နေရသောအခက်အခဲများကင်း၍ စိတ်ချမ်းမြေ့စရာကြုံမည်။

နိုင်ငံခြားခရီးသွားရန်စီစဉ်သူများ အလိုပြည့်ရန်အလို့ ငှာလိမ္မော်ရောင်နှင်းဆီ(၁)ပွင့်၊ ကာနေးရှင်ပန်းအဖြူ (၁)ပွင့်၊ ပိန်းပန်းပွင့်အနီ(၁)ပွင့်ကို ကြွေပန်းအိုးတွင်ထိုး ၍ အမြင့်တွင်တင်ပါ။ ၄င်းပန်းအိုးဘေးတွင် မိမိသွား ရောက်လိုသောနိုင်ငံဒေသ၏ ဓာတ်ပုံ၊ ပိုစတာကိုထားရှိပါ။ 
ပီယစန်းပွင့်၍ လူချစ်လူခင်ပေါစေရန်အလို့ငှာ အ ရောင်မတူသောကာနေးရှင်းပန်း(၃)ပွင့်ကို အဖြူရောင် အခံပါသည့်ကြွေပန်းအိုးတွင်ထိုး၍ မိမိအနီးအပါးတွင် ထားရှိလိုက်ပါ။ သိသာထင်ရှားစွာလူချစ်လူခင်ပေါလာ မည်။ ပီယကံပွင့်လာမည်။
ကျန်းမာရေးအညံ့ကြုံက စံပယ်ပန်းကုံး(၈)ကုံးကို ဘုရားကပ်လှူခြင်းဖြစ်စေ၊ မိမိအနီးအပါးအမြင့်တစ်နေ ရာတွင်ချိတ်ဆွဲထားခြင်းပြုလိုက်ပါ။ သိသာစွာကျန်းမာ ရေးကောင်းလာမည်။
မိသားစုထမင်းစားစားပွဲပေါ်တွင် ဆီးရောင်ဖန်ပန်း အိုးအတွင်း ပိန်းပန်းပွင့်အဖြူ(၁)ပွင့်၊ အနီ(၁)ပွင့်၊ အ ဝါရောင် (Spider)သစ်ခွ(၁)ပွင့်ကိုထိုးကာထားရှိခြင်း ဖြင့် မိသားစုအေးချမ်းပျော်ရွှင်မှုကို ရရှိပေလိမ့်မည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.