March 30, 2016

ကိုယ်နေဟန်နှင့်ဆွဲဆောင်မှု

မကာရရာသီဖွားတို့သည် စနေဂြိုဟ်နတ်မင်း'စေတန်’ (Saturn) ကိုယ်ပွားများဟုသတ်မှတ် သည်။ ရောမတို့ကစေတန်ဟုခေါ်သောစနေဂြိုဟ် နတ်မင်းကို ဂရိဒဏ္ဍာရီတွင်ခရိုးနော့စ်’’ (Cronos)ဟု ခေါ်တွင်၏။ အနက်အဓိပ္ပာယ်သည်ကား(Time)အချိန် ကာလကိုသတ်မှတ်သောနတ်မင်းဟူ၍ဆိုသည်။ ရှိရှိ သမျှသောအရာအားလုံးတို့၏စတင်ခြင်းနှင့်ချုပ်ငြိမ်း ခြင်း၊ လူသားတို့၏ရှင်သန်ခြင်းနှင့် သေဆုံးခြင်းစသည့် အလုံးစုံသောအချိန်ကာလကို အမိန့်ပေးစေစားနိုင် သောနတ်မင်းဖြစ်သည်။ လူ့ကမ္ဘာအားသာယာဆုံးနှင့် ဖွံ့ဖြိုးဆုံးဖြစ်အောင်ဖန်တီးသူဖြစ်သည်။ စေတန်အုပ် ချုပ်သောကာလလူသားတို့ကမ္ဘာကိုရွှေခေတ်’ (Golden Age)ဟုခေါ်သည်။ မြင့်မြတ်သောဥပဓိရုပ်၊ ထက် မြက်သောအသွင်အပြင်နှင့် စွမ်းအားကြီးမားသောနတ် မင်းဖြစ်သည်။ စနေနတ်မင်းစေတန် ခရိုးနော့စ်’’ သည် မဟာစကြဝဠာကြီးအားဖန်ဆင်းသောဂျီအာ”(Gaea)ကမ္ဘာမြေနတ်သမီးနှင့် ကောင်းကင်နတ်မင်းကြီးဖြစ်သောယူရေးနပ်စ်” (Uranus)တို့မှ မွေးဖွား သောသူများအနက် အငယ်ဆုံး၊ အထွေးဆုံးသောသား ဖြစ်သည်။ 
မိုးနတ်မင်းယူရေးနပ်စ်’’နှင့်နေနတ်ဒေဝီ’’ ဂျီ အာတို့မှပေါင်းဖက်၍ ခေါင်း(၅ဝ)နှင့်လက် (၁ဝဝ)ရှိ သောနတ်ဘီလူးတို့ကို ဦးစွာမွေး၏။ ကြမ်းတမ်းကြောက် မက်ဖွယ်ဖြစ်ပေရာယူရေးနပ်စ်က ကမ္ဘာမြေ၏အ နက်ရှိုင်းဆုံးနေရာ၌ (Tartarus)အမည်ရှိသောအထူး လုံခြုံသည့်အကျဉ်းထောင်ကိုဖန်ဆင်းကာ နတ်ဘီလူး ()ကောင်အားထည့်သွင်းပိတ်ဆို့၏။ ဒုတိယအကြိမ် မွေးဖွားသည့်သား()ယောက်ဖြစ်သည့်ကြီးမားသော ခန္ဓာနှင့်မျက်လုံး ()လုံးတည်းသာရှိသောဆိုက်က လုပ်’ (Cyclopes)နတ်မင်းကြီး()ဦးသည် စွမ်းအား တန်ခိုးကြီးမား၍ ဖခင်ဖြစ်သူယူရေးနပ်စ်ကိုပင်အ လေးမထားဘဲ မထေမဲ့မြင်ပြုသဖြင့် မြေအောက်အ ကျဉ်းစခန်းသို့ ပို့ဆောင်ထိန်းချုပ်ခံရပြန်သည်။ တတိယ မွေးသောအုပ်စုသည်ကားတိုက်တန်” (Titan)အမည်ရှိသော ကမ္ဘာဦးနတ်ဒေဝါများဖြစ်သည်။ နတ်မင်း ()ဦးနှင့် နတ်ဒေဝီ()ဦးတို့ဖြစ်သည်။ တိုက်တန်(၁၂) ပါးဟူ၍ ဒဏ္ဏာရီတွင်ဆို၏။ အချိုးအဆစ်ကျန၍ လွန် စွာတင့်တယ်သည်။ ဘုန်းတန်ခိုးကြီးမားသည်။ အဆင့် မြင့်နတ်ဒေဝါ၏တင့်တယ်မှုအပေါင်းကိုပိုင်ဆိုင်သည် ဖြစ်ပေရာ ဖခင်ဖြစ်သောယူရေးနပ်စ်နတ်မင်းကြီးက ပင် သူ့ထက်သာလွန်သောကြန်အင်လက္ခဏာနှင့်တန် ခိုးစွမ်းအားကို ပိုင်ဆိုင်သည်ကိုတွေ့လေသော် သားသမီးအ ရင်းများပင်ဖြစ်လင့်ကစား တိုက်တန်တို့အပေါ်မနာလို မရှုစိတ်များဝင်ကာဂျီအာ၏ဝမ်းဗိုက်အတွင်း၌ ပြန် လည်ထည့်သွင်းပိတ်ဆို့ထား၏။
'ဂျီအာသည် သူမမွေးဖွားသမျှသားသမီး အားလုံးတို့ကိုယူရေးနပ်စ်’’မှမြေအောက်အတွင်းအ ကျဉ်းချပိတ်ဆို့ခြင်းနှင့် သူမ၏ဝမ်းဗိုက်အတွင်း ပြန် လည်ထည့်သွင်းခြင်းတို့အား မခံမရပ်နိုင်ဖြစ်လေသော် ယူရေးနပ်စ်အား လက်စားချေရန်စီစဉ်၏။ တိုက် တန်နတ်သားအငယ်ဆုံးဖြစ်သော စနေဂြိုဟ်ခရိုး နော့စ်’’ အား လက်နက်တပ်ဆင်ပေးကာ မိုးနတ်မင်းကြီးယူရေးနပ်စ်အားသင်းကွပ်၍ နတ်တန်ခိုးသတ္တိ တို့ကိုပယ်ရှားစေကာ စနေနတ်မင်းဓစတန်ခရိုးနော့သည် မဟာစကြဝဠာကောင်းကင်ဘုံနှင့်တကွ ကမ္ဘာ မြေကိုစိုးမိုးသော နတ်မင်းဧကရာဇ်အဖြစ်ခံယူရ၏။ စေတန်ခရိုးနော့စ်’’ သည် မိုးနတ်မင်းယူရေးနပ်စ်နှင့် ကမ္ဘာမြေနတ်သမီးဂျီအာတို့ပေါင်းဖက်မွေးဖွား သောနတ်ဘီလူးကြီးများ၊ တိုက်တန်နတ်ဒေဝီများအ နက် ဘုန်းကံအရှိန်အဝါထက်မြက်ဆုံးဖြစ်သည့်အပြင် တင့်တယ်မြင့်မြတ်မှုအပြည့်အဝဆုံးသောသူဖြစ်သည်။ ဧကရာဇ်အရိုက်အရာကိုခံယူပြီးနောက် မကောင်းမှုကို ပယ်ရှား၍လူ့လောက၏တရားမျှတမှုကိုထိန်းသိမ်းရန် အလို့ငှာ မကာရရာသီ၌သူ၏ကိုယ်ပွားတို့ကိုဖန်တီးမွေး ဖွားစေသည်ဟု ဒဏ္ဍာရီတွင်ဆို၏။ 
မကာရရာသီဖွားတို့သည် ထည်ဝါမြင့်မြတ် သန့်ပြန့်သောရုပ်ရည်ကိုပိုင်ဆိုင်သည်။ စက်ဟန်အမူအရာနှင့်တစ်ဖက်လူအပေါ် ဆွဲဆောင် နိုင်စွမ်းရှိသည်။ မျက်ဝန်းနက်တို့သည်လင်းလက်၍ ထက်မြက်စူးရှသည်။ ထူးဆန်းလျှို့ဝှက်သော ညှို့ငင်နိုင်စွမ်းမြင့်မားသည်။ မျက်နှာဟန်ပန်သည် အလိုအ လျောက်တင်းမာသယောင်ရှိ၍အကဲခတ်ရခက်လောက် အောင် လျှို့ဝှက်မှုများနှင့်ပြည့်နှက်နေသည်။ ဆံပင်၊မျက်ခုံး၊ နှုတ်ခမ်းတို့သည် အလွန်ရှေးဆန်၊ နန်းဆန်စွာ ထူးခြားတင့်တယ်မှုပြည့်စုံသည်။ ဆံကေသာတွင်ထူးခြားတင့်တယ်သောတန်ခိုးစွမ်းအားခိုအောင်းသည်။ လိုအပ်ဘဲ ဆံပင်ကိုဖြတ်တောက်ခြင်းမပြုရ။ကျွမ်းကျင် သောဆံပင်အလှပညာရှင်များနှင့်ညှိနှိုင်း၍ ဆံပင်ပုံစံ ကိုအမြဲတင့်တယ်အောင်ထားပါ။ မလိုအပ်ဘဲ ဆံပင်ကို ဖြတ်တောက်ခြင်းမပြု။
ခန္ဓာကိုယ်အရိုးအဆစ်ဖွဲ့စည်းမှုသည် အချိုး ကျသွယ်လျသောအသွင်ရှိသည်။ ဤရာသီဖွားကျား/ မမရွေးတို့၏ အရေပြားသည် ထူးခြားလင်းလက်မှုရှိ သည်။ အသားအရောင်ဖြူသည်၊ မဲသည်မရွေး ခပ်ဝင်းဝင်းတောက်ပသောအနေအထားရှိသည်။ မျက်နှာပြင်တွင်မိတ်ကပ်နှင့် အခြားအရောင်ချယ် အလှပြင်စရာမလိုလောက်အောင် စိုပြေတောက်ပသည်။ သဘာဝအ ရေပြားအလှနှင့်ပင်လျှင် လွန်စွာတင့်တယ်သည်။ ခြေ သည်း၊ လက်သည်း ဖွဲ့စည်းမှုတင့်တယ်သည်။ စနစ်တ ကျသပ်ရပ်စွာထားရန်သင့်သည်။ ပခုံး၊ ကျောပြင်နှင့်ရင် သားတို့သည် လွန်စွာဖွံ့ဖြိုးတင့်တယ်သည်။ အမျိုးသား တို့သည် ရင်အုပ်ကျယ်ကျယ်၊ ပခုံးကားကားဖြစ်၍ မျိုးသမီးများသည်လည်း ကျောကျအလွန်ပြေပြစ် သည်။ အေးတိအေးစက် နေထိုင်တတ်သောစရိုက် ကြောင့် ကိုယ်လက်လှုပ်ရှားမှုသည် လေးဖင့်သယောင် ဖြစ်နေတတ်သည်။ ထိုင်းမှိုင်းနေတတ်သည်။ ခပ်သွက်သွက်လှုပ်ရှားသောပုံစံယူပါ။


No comments:

Post a Comment

Note: Only a member of this blog may post a comment.