အလုပ်အကိုင်နှင့် စီးပွားရေး - Find weekly Horoscope in my blog

March 31, 2016


အလုပ်အကိုင်နှင့် စီးပွားရေး
ဤတစ်နှစ်တာအတွင်း ဆောင်ရွက်သမျှ အောင်မြင်မည်။ ရည်မှန်းချက်များကိုလက်တွေ့ဆောင် ရွက်နိုင်မည်။ အခက်အခဲမှန်သမျှကျော်လွှားနိုင်မည်။ ကိုယ်ပိုင်အတွေးအခေါ်တို့ကိုလက်တွေ့ အသုံးချ၍ အ ဆင့်မြင့်တက်လမ်းရမည်။ သူတစ်ပါးတို့ထက်ပိုမိုမြင့် မားသောအခြေအနေနှင့်တိုးတက်မှုတို့ကို ဖန်တီးနိုင် မည်။ ကာလအတန်ကြာ တိမ်မြုပ်နေသောကိုယ်ပိုင်အ ရည်အသွေးများပေါ်ထွန်းလာမည်။ သူတစ်ပါးတို့လုပ် ရန်မဖြစ်နိုင်ဟုယူဆထားသောလုပ်ငန်းများကို ဖြစ် ထွန်းအောင်မြင်အောင် ဆောင်ရွက်နိုင်မည်။ ဆန့်ကျင် ဘက်ပြုသူအားလုံးကို ရင်ဆိုင်ပယ်ရှားနိုင်လိမ့်မည်။ ချက်ချင်းဆုံးဖြတ်ပြီး အရှိန်အဟုန်ပြင်းစွာနှင့် ရှေ့တိုး လုပ်ကိုင်ပါ။ ကိုယ်လုပ်မည့်ကိစ္စအလုံးစုံကို လျှို့ဝှက် သိပ်စွာလုပ်ကိုင်ခြင်းဖြင့် အဆင့်မြင့်အောင်မြင်မှုကိုရရှိ မည်။လုပ်ငန်းခွင်မှသူများ အလုပ်အဆင့်တိုးတက်မည်။ လုပ်ရိုးလုပ်စဉ်မဟုတ်သောကိစ္စများကို စနစ်တကျလုပ်၍ အဆင့်မြင့်တက်လမ်းများပေါ်တွန်းမည်။ ဩဇာ အရှိန်အဝါမြင့်မားလာမည်။ အရေးပါအရာရောက်
ဘာအလုပ်တာဝန်တို့ကို ကိုင်တွယ်လုပ်ကိုင်ရလိမ့် မည်။ ရည်မှန်းစိတ်ကူးထားခြင်းမရှိသောဘဝအခြေအ နေအဆင့် အတန်းတို့ကိုရရှိမည်။ ကိုယ်ပိုင်လုပ်ငန်း လုပ်သူတို့သည် စွန့်စားခြင်း၊ စိတ်ကူးသစ်တို့နှင့် ထိုး ဖောက်လုပ်ကိုင်ခြင်းမှ လိုရာပြည့်စုံမည်။ ကာလအတန် ကြာကြိုးပမ်းအားထုတ်လုပ်ကိုင်ထားသည်များမှ တိုး တက်မှုများပေါ်တွန်းမည်။ အတွေးသစ်၊ အကြံအစည် သစ်တို့ကိုရဲဝင့်စွာလုပ်ကိုင်ခြင်းများကြောင့် အခြားသူ တို့တက်နှာတစ်ဖျားသာရရှိမည်။ ဗြိစ္ဆာရာသီဖွားတို့ သည် ကိုယ်လုပ်သောကိစ္စတို့အား တစ်ပါးသူကိုလှစ်ဟ တိုင်ပင်ခြင်းမရှိသည့်အပြင် လျှို့ဝှက်စွာလုပ်ကိုင်တတ် သည့်စရိုက်သည် ယခုတစ်နှစ်တာအတွင်း အောင်မြင် မှု၊ ကြီးပွားခြင်းတို့၏ အဓိကသော့ချက်ဖြစ်ပမည်။ 19 .2.18မှ 20.3.18ကြား 21 .3. 18, 20 .7.18 ကြား 21.11.18 မှ 20.12.18ကြားကာလများတွင် အညံ့
များရှိမည်။ အတိုက်အခံများမည်။ စိတ်အနှောင့်အ ယှက်ရှိမည်။ ဆောင်ရွက်သမျှကိစ္စတိုင်းတွင် နှောင့်နှေး ကြန့်ကြာမည်။ တစ်ကြိမ်မကဆောင်ရွက်ပြီးမှ အဆင် ပြေမည်။ အခါတိုင်းကူညီသူများ၊ တွဲဖက်လုပ်ကိုင်သူ များနှင့် လက်တွဲရှေ့တိုး၍လုပ်မရ။ ငွေကြေးရင်းနှီးမြှုပ် နှံမှုများ မှားယွင်းတတ်သည်။ အရင်းအနှီးမြောက်မြား စွာရင်းနှီးရသာလုပ်ငန်းများ မလုပ်သင့်။ ပစ္စည်းများ အလောတကြီးဝယ်ယူခြင်းမပြုရ၊ စာရင်းဇယားအရှုပ် အထွေးများနှင့်ကြုံနိုင်သည်။ မရိုးမသားသောသူများ နှင့်တွေ့မည်။ 21.1.18မှ 18.2.18 ကြား 21.5. 18မှ 20 .6. 18ကြား 21.9.18 မှ 20.10.18ကြားကာလများတွင်လုပ်ကိုင် သမျှ ထွန်းထွန်းပေါက်ပေါက်ရှိမည်။ အရာရာအဆင်
‌ပြေမည်။ စိတ်ကူးရည်ရွယ်ထားသည်များ ပြည့်စုံခြင်းရှိ မည်။ အတိုက်အခံအားလုံးကိုကျော်လွှားပြီး အလိုပြည့် စုံခြင်း၊ ဘဝတိုးတက်ခြင်းများကြုံတွေ့နိုင်သည်။ လုပ် ငန်းရှာခြင်း၊ အလုပ်လျှောက်ထားခြင်းများပြုရန်ကောင်းသည်. လုပ်ငန်းခွင်မှာသူများ ဝင‌်ငွေတိုးမည်. စီးပွားမြှုပ်နှံ မှုများမှ အကျိုးအမြတ်ကောင်းရမည်။ အခက်အခဲမှန် သမျှ ကိုကျော်လွှာ၍တိုးတက်မှုများဆက်တိုက်ဖြစ်ပေါ် မည်။ အလုပ်အကြံအစည်သစ်များ ရှေ့တိုးဆောင်ရွက် ရန်အခါသင့်သည်။ 21 .4. 18 မှ 20. 5. 18 ကြား ၊ 21 .8. 18 မှ 20.9. 18 ကြား - 21.10. 18 မှ 20.11. 18ကြားကာလများတွင်ပြည်ပ နိုင်ငံရပ်ခြားနှင့်ဆက်သွယ်ဆောင်ရွက်သောလုပ်ငန်း စီးပွားများ အောင်မြင်မည်။ လူမျိုးကွဲများနှင့်အကျိုးပေး သည်။ အလုပ်စီးပွားများကိုအခြေတည်၍ ပြည်ပခရီး များပေါ်ပေါက်သည်။ နေရာအပြောင်းအရွှေ့၊ မြို့ရပ်အပြောင်းအရွှေ့ကြံသူများအောင်မြင်မည်။ အရပ်တစ်ပါး နိုင်ငံရပ်ခြားမှသူများနှင့် ပူးတွဲဆောင်ရွက်ရခြင်း၊ ဆက် စပ်အကျိုးပေးခြင်းရှိမည်။ ငွေရေးကြေးရေးလက်လွန် ထားသည်များပြန်ရမည်။ မြှုပ်နှံထားသည်များ ပြန်ပေါ်မည်။
ဤတစ်နှစ်တာကာလအတွင်း ပြည်ပနိုင်ငံတကာ အဆင့်အောင်မြင်မှုနှင့် တိုးတက်မှုတို့ကို ဆောင်ရွ က်နိုင်မည်။(A,B,S,T,J)အက္ခရာနှင့်စသောပြည်ပနိုင် ငံများနှင့်ဆက်စပ်လုပ်ကိုင်၍အကျိုးကောင်းများခံစား ရမည်။ တွဲဖက်လုပ်ကိုင်ရန်ကမ်းလှမ်းခံရမည်။ ကိုယ် ကဦးဆောင်လုပ်ကိုင်ရမည်ဆိုက လက်ခံပါး ယုံကြည် စိတ်ချရသောသူဟူ၍တစ်သက်တာမရနိုင်သောဗြိစ္ဆာ ရာသီဖွားများသည် ဤနှစ်တွင်ကား တစ်စုံတစ်ရာအ တိုင်းအတာအထိ ယုံစားနိုင်သောမိတ်ကောင်းဆွေ
ကောင်းတို့ကိုတွေ့ရှိမည်။ ယခင်ကာလရှေ့တိုးမရ၍ ဆိုင်းငံ့ထားသောအလုပ်တို့ကို ရှေ့တိုးဆောင်ရွက်နိုင် လိမ့်မည်။ အကြံအစည်ဟောင်းတို့ကို ပေါ်ပေါက်လာ
သောအခြေအနေသစ်တို့နှင့်ပေါင်းစည်းဆောင်ရွက် ခြင်းဖြင့် အောင်မြင်မှုများရရှိလာမည်။ အလုပ်တစ်ဖက်၊ ပညာတစ်ဖက်တွဲဖက်လုပ်ကိုင်သူများ ထူးခြားသော တက်လမ်းများပေါ်ပေါက်လာမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.