March 30, 2016

ကိုယ်နေဟန်နှင့်ဆွဲဆောင်မှု

ကန်ရာသီသည် အပျိုစင်နတ်မိမယ်'ဒိုက်ကီ' (Dike)၏ပုံရိပ်အလင်းတန်းလွှမ်းမိုးမှုအောက်တွင်ရှိ ၏။ ရောမတို့က ”ဒိုက်ကီ”ကို” အက်စ်တကျားယာ” (AStr. aea)ဟုခေါ်သည်။ 'အက်စ်တကျားယာ’ဆိုသည်မှာ လင်း လက်သောကြယ်စင်နတ်မိမယ်ဟူ၍အဓိပ္ပာယ်ရှိသည်။ ကန်ရာသီဖွားကျား/မ မရွေးတို့သည် ’ဒိုက်ကီ’’’အ မည်ရှိ”အက်စ်တဗျာယာ’ကြယ်စင်နတ်သမီး၏ကိုယ် ပွားများဟူ၍သတ်မှတ်သည်။ ဂရိဒဏ္ဍာရီတွင်ဖန်ဆင်း ရှင်မိုးနတ်မင်းကြီး’ယူရေးနပ်စ်’ နှင့်ကမ္ဘာမြေမိခင် ” ဂိုင်ရာ”တို့မှမွေးဖွားသောတန်ခိုးရှင်တိုက်တန်ဒေဝီ” သီးမစ်စ်” (Themis)သည် ကမ္ဘာဦးတရားရှင် နတ်ဒေ ဝီ (Goddess of Justice)အဖြစ် နတ်ဘုံလောကနှင့် လူ့ လောကတို့အား စိုးမိုးတာဝန်ယူခဲ့၏။ အနာဂတ်ကိုကြို တင်သိမြင်နိုင်သော အတတ်ပညာကိုလည်း ပိုင်ဆိုင် သည်။ ကမ္ဘာမြေပြင်မှလူသားတို့သည် ကမ္ဘာမြေပြင်ကို စောင့်ရှောက်သူ၊ အနာဂတ်ကိုကြိုတင်သိသူ၊ ဖန်ဆင်းရှင်၊ တန်ခိုးရှင်အဖြစ်နတ်ကွန်းတင်ကာကိုးကွယ်ပသခြင်းပြု၏။
ကမ္ဘာမြေလူသားတို့၏ပထမဦးဆုံး ကိုးကွယ်မှု ကို်ခံယူရသောနတ်ဒေဝီဖြစ်သည်။ လွန်စွာတင့်တယ် မြင့်မြတ်သူဖြစ်ပေရာ မဟာစကြာဝဠာစိုးမိုးရှင်"ဇု”နတ်မင်းကြီးကလွန်စွာနှစ်သက်၍ ချစ်ရေးဆိုချစ်ကျွမ်းဝင်ကာ အကြောင်းပါလေ၏။
“ဇု”နှင့်သီးမစ်စ်”တို့မှ ကမ္ဘာစောင့်နတ်သမီး (၃)ပါး (Three Horae)ကိုဖွားမြင်သည်။ ဥပဒေအာဏာ ကိုပိုင်စိုးသော”ယူနိုးမီအာ”နတ်သမီး၊ တရားစီရင်မှု ဆိုင်ရာနတ်သမီး”ဒိုက်ကီ” နှင့် ငြိမ်းချမ်းရေးနတ်သမီး “အီရီနီ”တို့ဖြစ်သည်။ ထိုသုံးဦးအနက်တရားရှင်နတ် သမီး’ဒိုက်ကီ’ သည် လူသားတို့ကို လွန်စွာနှစ်သက် မြတ်နိုးသည်။ နတ်ပြည်နတ်နန်းတွင်နေထိုင်ခြင်းမရှိ ဘဲ လူတို့နှင့်သာနေထိုင်သည်။ လူသားတို့အားတရားမျှတမှုနှင့်ယဉ်ကျေးပျူငှာမှုတို့ကိုသင်ကြားပေးသည်။အ ပျိုစင်နတ်မိမယ်အဖြစ်ခံယူကာ ကမ္ဘာဦးအစမှသည်လူ သားတို့အပေါ်တရားမျှတစွာအုပ်ချုပ်ခဲ့ရာမှ `ဒိုက်ကီကို တရားရှင် နတ်သမီး (Goddess of Justice)အဖြစ်ကိုးကွယ်ကြ၏။

ကမ္ဘာမြေရှိလူသားတို့သည် ရွှေခေတ်မှသည် ငွေခေတ်၊ ကြေးခေတ်၊ သံခေတ်သို့ တစစပြောင်းလဲ ဆုတ်ယုတ်လာသည်။ ကိုယ်ကျင့်တရားလျော့ရဲလာ သည်။ ရန်လိုတိုက်ခိုက်ကြသည်။ မကောင်းမှုများလွှမ်း မိုးလာသည်။ လူသားတို့နှင့်နေထိုင်ကုန်သောနတ်ဒေ ဝတာတို့သည်လည်း တစစ ကမ္ဘာမြေကိုစွန့်ခွာသွားကြ သည်။ အဆုံးသတ်တွင် ကမ္ဘာမြေကြီးအားလောင်မီး တိုက်ရေလွှမ်းကာဖျက်စီး၍ လူသားမျိုးဆက်တို့ကို ကွယ်ပေပျောက်စေရန်’ဇု’’ နတ်မင်းကြီးက စီစဉ်လေ တော့သည်။ ’ဒိုက်ကီ”သည် မျိုးဆက်သစ်အတွက်ရှင် သန်ရန်ကမ္ဘာမြေပြင်တွင် အသန့်စင်ဆုံးသောလူသား (၂)ဦးဇနီးမောင်နှံကိုရှင်သန်စေရန် စီမံထားရှိကာ ကောင်းကင်ထက်သို့ပြန်လေတော့သတည်း။ 'ဇု”နတ် မင်းကြီးသည် 'ဒိုက်ကီ’ ၏ပုံရိပ်အား အပျိုစင်နတ်မိ မယ်ပုံရိပ်အဖြစ်ကောင်းကင်ထက်တွင် လင်းလက်စေကာ ကန်ရာသီကိုပိုင်စိုးစေကာ 'ဒိုက်ကီ’ ၏လူသား များအပေါ်ထားရှိသော ကရုဏာတရားကို သတိရစေရန် အထိမ်းအမှတ်အဖြစ်ထားရှိ၏။ ဤရာသီ အလင်းတန်းကိုထိတွေ့၍ မွေးဖွားသောလူသားတို့အား အပြစ် ကင်းစင်ခြင်း၊ သန့်ရှင်းခြင်း၊ ဖြူစင်ခြင်း၊ မြင့်မြတ်ခြင်း၏ အမှတ်သင်္ကေတဥပဓိရုပ်တို့ကို ပိုင်ဆိုင်စေသည်။ ကန်ရာသီဖွား
ကျား/မ မရွေးတို့၏ မျက်လုံး၊ မျက်ခုံးတို့တွင်ဖြစ်စေ၊ နှုတ်ခမ်းတွင်ဖြစ်စေဖြူစင်အေး ချမ်းသောသဏ္ဍာန်ပေါ်လွင်နေ၏။ ပင်ကိုရုပ်ရည်လွန် စွာသန့်ပြန့်၍ ထူးခြားစွာဆွဲဆောင်လွှမ်းမိုးနိုင်သောဥပ ဓိရုပ်ရှိသည်။ သပ်ရပ်သန့်ရှင်းစွာ ဝတ်စားဆင်ယင် လိုက်သည်နှင့် ထည်ဝါတင့်တယ်သောအသွင်သဏ္ဍာန် နှင့်ကိုယ်နေဟန်ပေါ်လွင်နေ၏။ ထူးခြားသောအလင်း တန်းများ ခန္ဓာကိုယ်မှဖြာထွက်သဖြင့် အသားဖြူသူတို့ သည် ပန်းနုရောင်ဘက်သို့သန်း၏။ အသားလတ်သူများသည် ဝါဝင်းသောအသားအရေကိုပိုင်ဆိုင်၏။ အ သားညိုသူများသည် ဝင်းသောအရောင်အသွေးတို့ရှိ ၏။ အရေပြားပါးလှပ်ကြည်လင်၍ သွေးကြောများ၊ယှက် ဖြာနေသည်ကိုမြင်ရသည့်တိုင် သိမ်မွေ့နူးညံ့၏။ အရေပြားကိုပျက်ယွင်းစေသည့်မိတ်ကပ်များလိမ်းခြယ်ခြင်း၊ကိုတတ်အားသမျှရှောင်ကြဉ်ပါ။ နတ်မိမယ် " ဒိုက်ကီ"
၏ကိုယ်ပွားအဆင်းသဏ္ဍာန်ကိုပိုင်ဆိုင် သော ကန်ရာ သီဖွားတို့အနက် ထူးခြားကံကောင်း သော သူတို့သည် ဆံပင်လှိုင်းတွန့်များပါလာတတ်၏။ ထိုလှိုင်းတွန့်ဆံပင် တို့ကိုဖြောင့်ခြင်းမပြုပါနှင့်။ နဂိုအတိုင်းထားရှိပါ။ ကန် ရာသီဖွားအမျိုးသမီးများသည် မျက်နှာပြင်ကိုပေါ်လွင် ရှင်းလင်းစေသည့် ဆံပင်ပုံစံထားသင့်သည်။ ဆံပင် မှမျက်နှာအလှကို ဖုံးကွယ်ခြင်းမပြုရန် ဂရုစိုက်ရမည်။ ရုပ်ရည်ရူပကာ သာမက ခန္ဓာကိုယ်ဖွဲ့စည်းမှုသည်အ ရွယ်နှင့်မမျှပျိုမျစ်တင့်တယ်သည်။ မူရင်းအသက်ထက် များစွာ နုပျိုနေသောခန္ဓာဖွဲ့စည်းမှုကိုပိုင်ဆိုင်သည်။ နဖူးသည်မဟာနဖူးဟုခေါ်သောကျယ်ပြန့်သည့်အလှ ရှိသည်။ မို့မောက်ဖုထစ်ခြင်းကင်းသည်။ နှာတံလွန်စွာ ဖြောင့်စင်းသည်။ မျက်ခွံမို့ပုံနှင့်မျက်ခုံးထွက်ပုံတို့သည် သီးသန့်အသွင်ဟန်ရှိသည်။ မေးအကျ လွန်စွာတင့် တယ်သည်။ သေးသယောင်နှင့်လွန်စွာလှပသောနှုတ် ခမ်းအစုံကိုပိုင်ဆိုင်သည်။ စေ့စေ့စပ်စပ်ကြည့်က မျက် နှာတစ်ခြမ်းသည် အနီရောင်ဘက်သို့သန်းနေသည်။လည်တံနှင့်ပခုံးအကျလွန်စွာလှပသူများဖြစ်သည်။ အမျိုးသမီးများအဖို့ကျောအလျားမြင့်မား၍ ခါးဘက်တွင် အနည်းငယ်သိမ်ဆင်းပေးရာ သူတစ်ပါးတို့ထက်တင်ပါး အောက်သို့ရောက်သယောင်ရှိလင့်ကစား ထူးခြားမို့မောက်ပုံ၊ သူတစ်ပါးနှင့်မတူထာဝရလှပသည်။ အမျိုး
သမီးတို့သည် ခြေသလုံးအနည်းငယ်ကြီးမားသည်ဖြစ် ပေရာ လွန်စွာတိုလွန်းသော ဂါဝန်၊ ဘောင်းဘီတို့နှင့်မ လိုက်ဖက်၊ ခြေဖမိုး၊ ခြေဖဝါး၊ ခြေချောင်းတို့၏အလှ သည် လွန်စွာတင့်တယ်ပေရာ ထိုအလှကိုပေါ်လွင်စေ သည့် ဝတ်စားဆင်ယင်မှုကိုပြုသင့်သည်။ ချွေးထွက် များသူများဖြစ်ပေရာ ကိုယ်ခန္ဓာရနံ့ဆိုးမဖြစ်အောင် ဂ ရုစိုက်သင့်လှသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.