Dec16th မှ Dec22nd ကြား - Find weekly Horoscope in my blog

December 16, 2015

Dec16th မှ Dec22nd ကြား

အလွန်အမင်း ခံစားချက်ပြင်းထန်လွန်းခြင်းကို လျှော့သင့်သည်။ သူတစ်ပါးအပေါ် လွန်လွန်ကဲကဲစာနာသနား ယုံစားမိခြင်းကြောင့်ဖြစ်တတ်သော စိတ်ဒုက္ခများကြုံမည်။ အာမခံခြင်း၊ တာဝန်ယူခြင်းများလျှော့သင့်သည်။ ကိုယ်နှင့်မ ဆိုင်သောကိစ္စများတွင် ပတ်သက်ရင်း စိတ်အနှောင့်အယှက်ဖြစ်ရတတ်သည်။ ကိုယ်ဝင်ပြောသောစကား အရာမ ရောက်။ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးလိုသောသူများနှင့် ထိပ်တိုက်တွေ့ ရမည်။ ငွေရေးကြေးရေးကိစ္စတွင် လူယုံမထား သင့်ပါ။ သူတစ်ပါးကိုကူညီသော်လည်း လွန်လွန်ကဲကဲမရှိပါနှင့်။ ဤကာလအတွင်း တစ်ပါးသူပေးသော ကတိစကား မယုံသင့်။ အစီအစဉ်မရှိဘဲ ရုတ်ချည်းခရီးသွားရမည်။ အတားအဆီးမှန်သမျှကိုထိုးဖောက်၍ တိုးတက်မှုရရှိမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.