Dec 16th မှ Dec 22nd ကြား - Find weekly Horoscope in my blog

December 16, 2015

Dec 16th မှ Dec 22nd ကြား

တစ်ပါးသူအပေါ် သန့်ရှင်းသောစေတနာနှင့် ကူညီမှုကြောင့် ဖြစ်ပေါ်လာသောပြဿနာများကို ရင်ဆိုင် ဖြေရှင်းရလိမ့်မည်။ စေတနာဝေဒနာဖြစ်မည်။ သူများပြဿနာ ကိုယ်ပြဿနာဖြစ်မည်။နာမည်သိက္ခာကျအောင်စွပ်စွဲသူများ ပေါ်ပေါက်မည်။ အတိတ်မှပြဿနာဟောင်းတို့ကို ပြန်လည်အစဖော်ကာ နှောင့်ယှက်ဒုက္ခပေးခြင်းကြုံလိမ့်မည်။ဥပဒေနှင့်မကင်းသော ကိစ္စမှန်သမျှရှောင်ပါ။ အမှုပြဿနာဖြစ်က ဖြေရှင်းရခက်မည်။ လောင်းက စားပြုသောနေရာဝန်းကျင်သို့ သွားရောက်ခြင်းမပြုရ။ အမှုပတ်၍ချုပ်နှောင်ခံရတတ်သည်။ ငွေကြေးကိစ္စ အရှုပ်အ ထွေးများကြားဝင်ရောက်တာဝန်ယူပြောဆိုခြင်းများ မပြုရ။ အခက်အခဲများနှင့် ရင်ဆိုင်ဖြေရှင်းရတတ်သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.