8.12.2015 to 14.12.2015 - Find weekly Horoscope in my blog

December 09, 2015

8.12.2015 to 14.12.2015

အင်္ဂါ
အပြောလည်း မလွယ်နဲ့။ သဘောလည်း မကြွယ်နဲ့ ။ အတိုက်အခံလည်း မလုပ်လေနဲ့ ။ ဆင်ခြင်ပါ။ ခရီးဝေး များ သွားဖြစ်မည်။ သွားခြင်းဖြင့် သင့်အတွက် အကျိုးရှိသည်။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်မည်။ သူများကြား အရမ်းမ၀င်နဲ့။ ရှုပ်တတ်သည်။ မရောက်ဖူးသောခရီး၊ မလုပ်ဖူးသောအလုပ်၊ မပေါင်းဖူးသော မိတ်ဆွေတို့ ကြုံတွေ့မည်။ ကိုယ်ပိုင်လုပ်ငန်း၊ စပ်တူရှယ်ယာလုပ်ငန်းများ အထင်အမြင်လွဲစရာများ ဖြစ်တတ်သည်။ အချစ်ရေး၊ အိမ်ထောင်ရေးများ သံသယ၀င်ခြင်းနှင့် စိတ်ဝမ်းကွဲခြင်းများဖြစ်ကိန်းရှိသည်။ သဘောထားလည်း ကွဲလွဲတတ်သည်။ မမျှော်လင့်သော ချစ်သူတစ်ယောက် ထပ်မံတွေ့လိမ့်မည်။ စက်ပစ္စည်း၊ ရတနာပစ္စည်းများ အပြောင်းအလဲ အ၀င်အထွက်ဖြစ်မည်။ စာမေးပွဲ ဖြေဆိုမှုများ အောင်မြင်လိမ့် မည်။
အကျိုးပေးဂဏန်း ၁၊ ၂၊ ၃
အထူးဟော - ရုတ်တရတ် မရည်ရွယ်ပဲ ဖြစ်ပေါ်လာခြင်းများ ကြုံမည်။
ယတြာ - အင်္ဂါနေ့တွင် အိမ်ဘုရားကို အောင်သပြေပန်း ဆုတောင်း၍ လှူပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.