8.12.2015 to 14.12.2015 - Find weekly Horoscope in my blog

December 09, 2015

8.12.2015 to 14.12.2015

တနင်္ဂနွေ
မျှော်လင့်ရည်မှန်းထားချက်များ အကောင်အထည်ဖော် အောင်မြင်လိမ့်မည်။ မရည်ရွယ်သောခရီး သွားဖြစ် မည်။ အသင်းအဖွဲ့သော်လည်းကောင်း အလုပ်အကိုင်တွင်လည်းကောင်း၊ အကြီးအမှူး ခန့်ထားခြင်း ခံရလိမ့် မည်။ လူအများတို့၏ လေးစားခြင်း၊ ယုံကြည်ခြင်း ခံရမည်။ အချစ်ရေး၊ အိမ်ထောင်ရေး၊ ပြန်လည် အဆင်ပြေမည်။ ပေးရန်ငွေများနှင့် ရရန်ငွေများ အဆင်ပြေမည်။ ရန်သူဟူသမျှ မိတ်ဆွေဖြစ်လာမည်။ လုပ်ငန်းဟောင်းများလည်း အဆင်ပြေမည်။ လုပ်ငန်းသစ်လည်း လုပ်ဖြစ်မည်။ ကိုယ်ပိုင်လုပ်ငန်း၊ ရှယ်ယာ လုပ်ငန်းများ အဆင်ပြေမည်။ ကျန်းမာရေး၊ အနည်းငယ်မျှ ချုချာနိုင်သည်။ စိုးရိမ်စရာရောဂါ မရှိပါ။
အကျိုးပေးဂဏန်း ၅၊ ၆၊ ၇
အထူးဟော - အမှတ်တမဲ့မှ အမှတ်တရဖြစ်စရာများ ပေါ်လိမ့်မည်။
ယတြာ - တနင်္ဂနွေနေ့ နံနက်တွင် ဘုရားမျက်နှာကျက်တစ်ခု ဘုရားကို လှူလိုက်ပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.