Nov 4th မှ Nov 10th ကြား - Find weekly Horoscope in my blog

November 04, 2015

Nov 4th မှ Nov 10th ကြား

နေရာအပြောင်းအရွှေ့ နှင့် တိုးတက်မည်။ ခရီးသွားရမည်။ လူမျိုးကွဲအကျိုးပေးမည်။ ပစ္စည်းပျောက်မည်။ ဈေး၊ ပွဲဈေးတန်းအစရှိသည့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်ခံရမည်။ ခရီးသွားစဉ် ထီး၊ ဦးထုပ်၊ အိတ်မေ့ ကျန်ကာပြန်မရ။ ဆုံးတတ်သည်။ ငွေကြေးကိစ္စအငြင်းပွားရမည်။ ပိုက်ဆံလာရောက်ချေးငှားသူအား ငြင်းဆန်ရန် ၀န်မလေးပါနှင့်။ အားနာလေသော်ငွေလက်လွန်ဆုံးရှုံးမည်မလွဲ။ အိမ်၊ ခြံမြေပွဲစားလူရှုပ်၊ လူပွေများမှ လိမ်ညာခြင်း ကြောင့်ငွေဆုံးရှုံးမည်။ စစ်မှန်သောပိုင်ဆိုင်သူမရှိသည့်ပစ္စည်းကို ၀ယ်ယူမိ၍ စိတ်ဒုက္ခရောက်မည်။ အမှုရှာသော ရှေ့ နေတို့၏ မြှောက်ထိုးပင့်ကော်လှုံ့ ဆော်မှုကြောင့် ရုံးရောက်၊ ဂါတ်ရောက်အမှုဟောင်းများ ဖြေရှင်းရမည်။ နိုင်ငံ ရပ်ခြားသွားရန်အစီအစဉ်ကိစ္စများ အောင်မြင်မည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.