Nov 4th မှ Nov 10th ကြား - Find weekly Horoscope in my blog

November 04, 2015

Nov 4th မှ Nov 10th ကြား

ရင်းနှီးသူများနှင့် စကားများရမည်။ အိမ်တွင်းရေး၊ လူမှုရေးပဋိပက္ခများကို ထိပ်တိုက်ရင်ဆိုင်ရမည်။ ကာလအ တန်ကြာ ပိတ်ဆို့နေသောအခက်အခဲအတားအဆီးအားလုံးကြားမှ လွတ်မြောက်မည်။ လက်လွန်ဆုံးရှုံးသော ငွေပြန်ရမည်။ကြန့်ကြာနေသော ရပိုင်ခွင့်များ အလိုဆန္ဒများ ပြန်လည်ရရှိမည်။ ခရီးသွား၍ အကျိုးရှိမည်။ ပျက်ယွင်းသွားသောကတိစာချုပ်များကို အသစ်ပြန်လည်ချုပ်ဆိုရမည်။ နေရာပြောင်း၍ လုပ်ကိုင်ခြင်းမှ တိုးတက်မည်။ ငွေကြေးအပေးအယူကိစ္စတွင် ဖြစ်ပေါ်သောအငြင်းပွားမှုများကို ဖြေရှင်းရမည်။ အရပ်တစ်ပါးရောက်ရှိနေသောသူများထံမှ ကောင်းသောသတင်းစကားရောက်ရှိမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.