Oct 28th မှ Nov 3rd ကြား - Find weekly Horoscope in my blog

October 28, 2015

Oct 28th မှ Nov 3rd ကြား

အလိုလိုစိတ်ရှုပ်နေရသော ကာလဖြစ်သည်။ ဘ၀လမ်းကြောင်းတွင် ခက်ခဲမှုများရှိလင့်ကစားကိုယ်ပိုင်အစွမ်း အစနှင့် အစစအောင်မြင်အောင် ဆောင်ရွက်သွားနိုင်မည်။ အပျော်အပါးတွင် စိတ်မ၀င်စား။ ရောက်ရှိနေသောနေရာ၊ ဘ၀တွင် မတင်းတိမ်။ အခါတိုင်းထက်ပိုပြီး ရည်မှန်းချက်မြင့်မားနေသော အနေအထားရှိမည်။ အယူအဆမတူသူများ နှင့်တွေ့ မည်။ အဆုံးသတ်ခါနီးမှကပ်၍ နှောင့်နှေးကြန့်ကြာစရာများ ပေါ်မည်။ မတော်တဆထိခိုက်မှုသတိရှိပါ။ မည်သည့်ကိစ္စကိုဆောင်ရွက်သည်ဖြစ်စေ လျှို့ ဝှက်၍မရ။ လူသိရှင်ကြားအထင်အရှားဖြစ်မည်။ ဆောင်ရွက်နေဆဲအ လုပ်တို့ကို ပေါ်ပေါက်လာသောစိတ်ကူးသစ်နှင့် အားထည့်၍ ချဲ့ ထွင်လုပ်ကိုင်က ထူးခြားသောအောင်မြင်မှုရရှိမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.