Oct 14th မှ Oct 20th ကြား - Find weekly Horoscope in my blog

October 14, 2015

Oct 14th မှ Oct 20th ကြား

အကောင်းအဆိုး ရောထွေးနေသောကာလဖြစ်သည်။ အရာရာချောချောမောမောမရှိ။ ဦးတည်လိုက်တိုင်း၊ နေရာတိုင်း အခက်အခဲရှိပြီးမှ အဆင်ပြေမည်။ ငွေကုန်များမည်။ ပဋိပက္ခများရှိမည်။ အထင်လွဲခံရခြင်းများ ဖြေရှင်း ရမည်။ သတင်းဆိုးများ တစ်ခုပြီးတစ်ခုကြုံမည်။ မိမိရည်မှန်းထားသည့်ငွေဝင်လမ်းများ ကြန့်ကြာနေမည်။ မိတ်ကောင်း ဆွေကောင်းအကူအညီရမည်။ ပညာနှင့် ပတ်သက်၍ ကောင်းသောကာလဖြစ်သည်။ စီးပွားရေးတွင် မထင်မှတ်ထား သောပစ္စည်းမှ အမြတ်ရမည်။ မှန်းထားသောပစ္စည်း ထင်သလောက်မပေါက်ဘဲဖြစ်နေမည်။ ရုံးရောက်၊ ဂါတ်ရောက် မည်။ အပေါင်းအသင်းမှားယွင်းတတ်သည်။ ဆုံးဖြတ်ချက်မှားယွင်းမည်။ အိမ်တွင်အပူသောကဖြစ်တတ်သည်။ ပစ္စည်းလှောင်ခြင်း၊ ဈေးကစားခြင်းမပြုရ။ အရှုံးပေါ်တတ်သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.