19.10.2015 to 25.10.2015 - Find weekly Horoscope in my blog

October 19, 2015

19.10.2015 to 25.10.2015

အင်္ဂါ
ငါသိ၊ ငါတတ်၊ ငါဆရာ လုပ်ရမှ ကျေနပ်တတ်သော သင့်စိတ်ဓာတ်ကြောင့် သင့်ရဲ့အသိုင်း အဝိုင်းက အပြစ်တင်ခြင်းပြုလိမ့်မည်။ တယူသန် တဇွတ်ထိုး လုပ်တတ်သော သင့်အကျင့်ကြောင့် အကောင်းမမြင်ခြင်းခံရလိမ့်မည်။ ကွက်ကျော်မြင် အကဲခတ်ကောင်းပြီး အမျှော်အမြင်ကြီးမြင့်မှုကြောင့် သင်သည် သူတပါးထက်ပို၍ အောင်မြင်မှုရလိမ့်မည်။ မချိုမချဉ်ပြုတတ်သော ချစ်သူကြောင့် သင်စိတ်ညစ်ရလိမ့်မည်။ ချစ်သူက ရန်သူဖြစ်တတ်သောကြောင့် သင်သတိထားပါ။ ခရီးဝေးယာယီတွေ ရောက်မည်။ ကြိုးစားမှုတွေ အောင်မြင်မည်။ အတိုက်အခံတွေ ကျော်နိုင်မည်။ အလုပ်ရာထူးတက်မည်။
အကျိုးပေးဂဏန်း - ၃၊ ၆၊ ၉။
အထူးဟော - သင့်ကံကောင်းနေပြီ။
ယတြာ - အင်္ဂါနေ့နံနက်တွင် အောင်သပြေ ၁၉ညွန့် ဘုရားကပ်ပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.