July 22nd မှ July 28th ကြား - Find weekly Horoscope in my blog

July 22, 2015

July 22nd မှ July 28th ကြား

ငွေမချေးရ။ မတတ်သာ၍ငွေချေးပါကလည်း ၎င်းငွေကို မိမိလက်နှင့်မပေးရ။ တစ်ပါးသူကိစ္စကြားဝင်တာဝန်ယူ ခြင်းမပြုသင့်။ အရပ်ဝေးမှစာ၊ လက်ဆောင်ပစ္စည်းများလက်ခံရရှိမည်။ ဆင်ပြောင်အမြီးတစ်ကိန်းကျရောက်နေသည်။ အစစအရာရာ အစဉ်ချောပြီးနောက်ဆုံးအဆင့်ရောက်မှ မဖြစ်စလောက်သော ကိစ္စနှင့် အစမှပြန်စရကိန်းရှိနေပါသည်။ ကြံစည်ထားသော အကြံအစည် ()မျိုးမှတစ်ခု အစမှပြန်စရသော အနေအထားရှိပါသည်။ ကျန်းမာရေးယာယီအညံ့ရှိသည်။ ညာဘက်ခြေထောက် တွင် မတော်တဆထိခိုက်တတ်သည်။ ယှဉ်ပြိုင်၍ဆောင်ရွက်သောကိစ္စများတွင် သူတစ်ပါးထက်သာ မြင့်သောကိန်း ဆိုက်မည်။ လူမျိုးကွဲအကျိုးပေးမည်။ အပြိုင်အဆိုင်ကြားမှ တိုးတတ်မည်။ အနှောင့်အယှက်ပေးသူများကို ရင် ဆိုင်တိုက်ခိုက်နိုင်မည်။  

No comments:

Post a Comment

Note: Only a member of this blog may post a comment.