တနင်္လာ
ပြောသလိုဖြစ်မည်။ လုပ်သလိုဖြစ်မည်။ အကြောင်းကောင်း၍အကျိုးပေးကောင်းလာမည်။ နှစ်သစ်မှာ သင်ဝမ်းသာ စရာကြုံမှာပါ။ ထီပေါက်ကိန်းလည်းရှိတာမို့ထီထိုးလိုက်ပါဦး။ ၂၊ ၄၊ ၈ ဂဏန်းကိုရှေ့ဆုံးမှာထားထိုးပါ။ က၊ ခ၊ ဂ၊ ဃ၊ င အက္ခရာကိုထိုးပါ။ ဘုမ္မိကျသောအနောက်တောင်အရပ်ကဆိုင်တော့ မထိုးလိုက်နှင့်။ ကြီးဒေါ် အမေ တို့ကိစ္စတွေ ဆောင်ရွက်ရတတ်ပါတယ်။ ခြေ လက်အပူလောင်ခြင်း ခိုက်မိခြင်းတွေဖြစ်တတ်၍ ဂရုစိုက်ပါ။ အချစ်ရေး အဆင်ပြေပါ တယ်။ စီးပွားရေးနှင့်အလုပ်အကိုင်အခြေအနေကောင်းပါတယ်။ ခရီးယာယီတော့ရောက်မယ်။
အကျိုးပေးဂဏန်း - ၂၊ ၄၊ ၈။
အထူးဟော - ကံကောင်းပါတယ်။
ယတြာ - တနင်္လာနံနက်တွင် ငါးအရှင်သက်စေ့ဝယ်လွှတ်ပါ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.