Dec 9th မှ Dec 15th ကြား - Find weekly Horoscope in my blog

December 09, 2014

Dec 9th မှ Dec 15th ကြား

မှန်းထားသည်နှင့် လက်တွေ့ကပြောင်းကပြန်နှင့် စီစဉ်ထားသည်များပျက်ယွင်းတတ်သည်။ အတွင်းလူဒုက္ခပေး တတ်သည်။ မလွှဲမရှောင်သာ၍ သူတစ်ပါးအတွက် ကြားဝင်အာမခံခြင်း၊ တာဝန်ယူခြင်းများဆောင်ရွက်ရမည်။ အားနာမှုနှင့် စိတ်ကောင်းစေတနာထားခြင်းအပေါ် အခွင့်ကောင်းယူ၍ ဒုက္ခပေးသူပေါ်မည်။ ပညာရပ်ဆိုင်ရာ ရည်ရွယ်ချက်တို့ကို ရှေ့တိုးဆောင်ရွက်ရန်အခါသင့်သည်။ လုပ်ငန်းခွင်မှသူများအမှုပြဿနာများကို တာဝန်ယူဖြေရှင်းရမည်။ အရှိန်အ၀ါအစဉ် အလာကြီးမားသူတစ်ဦး အမှုဖြစ်ဒုက္ခရောက်နေသည်ကို ကူညီကယ်တင်ခွင့်ကြုံမည်။ ငွေပေးငွေယူကိစ္စများတွင် အနှောင့် အယှက်များဖြစ်ပေါ်တတ်သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.