Dec 2nd မှ Dec 8th ကြား - Find weekly Horoscope in my blog

December 02, 2014

Dec 2nd မှ Dec 8th ကြား

နောက်ဆုံးအဆင့်ရောက်မှ အစမှပြန်လည်လုပ်ရမည်။ စီမံထားသောကိစ္စများရှေ့တိုးမရ။ ဆိုင်းငံ့ရမည်။ လုပ်လက် စကိစ္စမှန်သမျှ အနှောင့်အယှက်ပေးသူမပေါ်ဘဲ အလိုအလျှောက်ကြန့်ကြာခြင်း၊ လွဲချော်ခြင်းနှင့် ခက်ခဲခြင်းတို့ဖြစ်မည်။ မတော်တဆထိခိုက်မှု ဂရုစိုက်ရမည်။ အသစ်ဝယ်ယူလာသော ဆိုင်ကယ်၊ ကားတို့ကို ယူငင်မောင်းနှင်စဉ် တိုက်မိခိုက်မိ၍ ပစ္စည်းလည်းပျက်၊ အမှုလည်းဖြစ်မည်။ ရိုင်းစိုင်းယုတ်မာသောသူများနှင့် စကားများရတတ်သည်။ သတိရှိပါ။ ငွေခိုးခံရခြင်း ကြုံမည်။ လုပ်ငန်းခွင်မှသူများ တာဝန်ယူထားသောစာရွက်စာတမ်းများကို ယူငင်ခိုးဝှက်သူရှိမည်။ သတိရှိပါ။ ပြဿနာ ဟောင်းများကို ပြန်လည်ဖြေရှင်းရမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.