8.12.2014 to 14.12.2014 - Find weekly Horoscope in my blog

December 09, 2014

8.12.2014 to 14.12.2014

တနင်္လာ
တွေးမပူနှင့်။ အောင်မြင်မယ်။ ငေးမနေနှင့်။ အဆင်ပြေမယ်။ တိုးတက်မှု အောင်မြင်မှု အဆင်ပြေမှုတွေဤတပတ်အတွင်း ကြားသိရမယ်။ စွန့်စားသောခရီးများရှောင်ပါ။ သူများပြောတာမယုံနှင့်။ ချစ်သူရဲ့လှည့်စားမှုခံရမယ်။ ပစ္စည်းခိုးခံရတတ် တယ်။ ကျန်းမာရေးကောင်းပါတယ်။ သို့သော်လည်း အကြောအချဉ်ကပ်တတ်တယ်။ အဆောက်အဦးပြုပြင်ဆောက်လုပ်မှု မပြုနှင့်ဦး။ လူယုံထားပြီးငွေမပေးနှင့်။ ရာထူးတက်ပြောင်းရွှေ့ရန်ရှိတယ်။ အချစ်ရေး တကယ်ချစ်သူနှင့်မယူဘဲ မရည်ရွယ် သူနှင့်ယူဖြစ်မယ်။ စာမေးပွဲအောင်မယ်။ 
အကျိုးပေးဂဏန်း - ၅၊ ၆၊ ၇ ။ 
အထူးဟော - ဆန္ဒမစောနှင့်။ 
ယတြာ - ငါးအရှင် သက်စေ့ ရေမှာလွှတ်ပါ။ တနင်္လာနေ့နံနက်မှာလွှတ်ပါ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.