"ကိုယ်နေဟန်နှင့် ဆွဲဆောင်မှု
ဂရိဒဏ္ဍာရီတွင် မြေအောက်ကမ္ဘာကို “ဟေး ဒီးစ်”(Hades)မှပိုင်စိုး၏။ ရောမတို့က ́ဟေးဒီးစ်” ကို “ပလူတို”(Pluto) ဟူ၍ခေါ်၏။ “ပလူတို” ဟူသော အနက်အဓိပ္ပာယ်သည်ကား လက်တင်ဘာသာစကား အရ အကြွယ်ဝဆုံး၊ အချမ်းသာဆုံးသောသူဟူ၍ အ နက်အဓိပ္ပာယ်ရှိသည်။ “ဟေးဒီးစ်”(ပလူတို)သည် ဗြိ စ္ဆာရာသီကိုစိုးမိုး၏။ ဩဇာအရှိန်အဝါအကြီးမားဆုံးနှင့် ဥစ္စာဓနချမ်းသာကြွယ်ဝခြင်းသာမက လွန်စွာမြင့်မြတ် ထက်မြက်သောဥပဓိရုပ်ကိုပိုင်ဆိုင်သည်။ “ဟေးဒီးစ်” နှင့်ယှဉ်လိုက်လျှင်“ဇု”(Zeus)နတ်မင်းကြီးပင် အရှိန် အဝါကွယ်ပျောက်မှေးမှိန်သည်။ ကိုယ်ပိုင်ရုပ်အသွင်ကို ဘယ်သောအခါမှ ပြသလေ့မရှိ။ ဖခင်“ခရိုနာ့စ်” (Cronus)ကို အာဏာသိမ်းရာတွင် “ဆိုက်ကလို့စ်” (Cyclopes)တို့မှ ဖန်ဆင်းပေးထားသောကိုယ်ပျောက်
သံခမောက်ကိုဆောင်း၍ သွားလာ၏။ ပိုင်ဆိုင်သောနယ်မြေတစ်ခုလုံးကိုလည်း အမှောင်ထုနှင့်လွှမ်းမိုးထား သည်။ မြေအောက်ကမ္ဘာနန်းတော်တွင် တစ်ကိုယ် တော်ငြိမ်းချမ်းစွာနေထိုင်သည်။
တရံရောအခါတွင် ကမ္ဘာမြေကြီးတစ်ခုလုံး ပြင်းထန်စွာတုန်လှုပ်သော ငလျင်ကြီးတစ်ခုပေါ်ထွန်း ၏။ “အီတနာ”(Aetna)တောင်ထိပ်မှ မီးလျှံများပေါ် ထွန်း၍ပေါက်ကွဲလေရာ ကမ္ဘာမြေကြီးပင်လျှင် ကွဲအက် သွားလေတော့သည်။ “အိုလံပီယာ”နတ်မင်းတို့ကို တော်လှန်ပုန်ကန်အာဏာသိမ်းသည့် နတ်ဘီလူး“တိုင် ဖုန်း”(Typhone)နှင့် လွန်စွာစွမ်းအားကြီးလှသည့် “ တိုက်တန်” (Titan)နတ်ဘီလူးကြီးများဖြစ်သော “ဘရီ ရာရီးယပ်စ်”(Briareus)နှင့်“အွန်ဆဲလားဒပ်စ်” (Enceladus)တို့ကို ဝိုင်းဝန်းတိုက်ခိုက်နှိမ်နင်းကာ“ဇု” နတ်မင်းကြီးမှ“အီတနာ”တောင်ကုန်းအောက်တွင် အ ရှင်လတ်လတ် မြေမြှုပ်ဖမ်းချုပ်ထား၏။ ထိုဘီလူးကြီး များရုန်းကန်လှုပ်ရှား၍ ကမ္ဘာမြေကြီးတုန်လှုပ်ကာ ၄င်း တို့မှုတ်ထုတ်လိုက်သောမီးလျှံတို့ကြောင့် တောင်တန်း
ပေါက်ကွဲခြင်းဖြစ်ပေရာ ကမ္ဘာမြေကြီးအက်ကွဲခြင်းမှအ လင်းရောင်တို့သည် မြေအောက်ကမ္ဘာသို့တိုးဝင်၏။ မြေအောက်ကမ္ဘာတွင်လည်း အပျက်အစီးများစွာဖြစ် ပေါ်သည်။ “ဟေးဒီးစ်”သည် သူပိုင်စိုးသောနယ်မြေ၏ အပျက်အစီးတို့ကို အနက်ရောင်ခြင်းများနှင့်ဆွဲသော စစ်ရထားနှင့် ကမ္ဘာမြေပေါ်သို့တက်ကာ လိုက်လံစစ်ဆေး၏။ ကိုယ်ရောင်ဖျောက်၍သာသွားလေ့ရှိသော “ဟေးဒီးစ်”သည် ပင်ကိုကိုယ်ရောင်ကိုယ်ဝါနှင့် ကမ္ဘာ မြေပေါ်သို့တက်လာသည်ကို “အီးရဇ်စ်” (Eryx)တောင်ကုန်းပေါ်မှ အချစ်မြားနတ်သား(Cupid)မှလှမ်း ၍မြင်လေသော် “ဟေးဒီးစ်”အား အချစ်မြားနှင့်ပစ်ခတ် ကာ ချစ်ခြင်းမေတ္တာဓာတ်ကို ဝင်ရောက်စေသည်။ “ဟေးဒီးစ်”တွင်စူးနစ်သော ဖူးစားရှင်နတ်မြားသည် ကား အလှပဆုံး၊ အတင့်တယ်ဆုံး ပျိုမြစ်နုနယ်သောသူ တို့ကိုပင်လျှင် ဆွဲဆောင်နိုင်သည်။ ညှို့ငင်ပီယဓာတ်ကို ဖြစ်ပေါ်စေ၏။
“ဇု”နတ်မင်းကြီးနှင့် ကမ္ဘာမြေနတ်ဒေဝီဒီမီတာ”(Demeter)တို့ပေါင်းဖက်၍“ပစီဖီနီ”(Persephone)အမည်ရှိသော သမီးပျိုကိုမွေးဖွားသည်။ အနှိုင်းမဲ့ လှပခြင်းနှင့် သန့်စင်ပျိုမြစ်ခြင်းအား မြင့်မြတ်စွာပိုင် ဆိုင်ထားသည့်သမီးပျိုကို အပျိုစင်အဖြစ်သာဖြစ်တည် ရန်အလို့ငှာ “ဒီမီတာ”မှ အခြံအရံများစွာနှင့် တစ်သီး တစ်ခြားနေထိုင်ခံစားစေ၏။ ကမ္ဘာမြေပြင်ထက်တွင် လှပသောတောရိုင်ပန်းတောများအတွင်း အခြွေအရံ များနှင့် ဆော့ကစားနေသော“ပစီဖီနီ”သည် (Cupid) ၏မြားထိမှန်ထားသောဟေးဒီးစ်”ကိုတွေ့လေသော် ဖခင်နှင့်သမီးတမျှ အသက်အရွယ်ချင်းခြားနားလင့်က စား မြင်လျှင်မြင်ခြင်း အပြန်အလှန်အချစ်မေတ္တာဓာတ် ပေါ်ပေါက်ကာ “ဟေးဒီးစ်”စံရာ မြေအောက်ကမ္ဘာသို့ လိုက်ပါကာ လက်ထပ်ပေါင်းသင်း၍မြေအောက်ကမ္ဘာ ၏ ဧကရီမိဖုရားအဖြစ်ရောက်ရှိ၏။ သည်
ဤဒဏ္ဍာရီကိုအခြေတည်၍“ဟေးဒီးစ်”ပိုင် စိုးသော ဗြိစ္ဆာရာသီဖွားတို့သည် မြားနတ်မောင်(Cupid) ၏ပီယစန်းပွင့်အချစ်မြားထိမှန်ခံရသူများအလား လွန် စွာစန်းပွင့်၏။ ထူးထူးခြားခြား လျှို့ငင်ဆွဲဆောင်နိုင်သောကိုယ်နေဟန်နှင့် တင့်တယ်မှုအလုံးစုံကို ပိုင်ဆိုင်သည်။ အရွယ်ခြင်းကွာခြားနေသည်ကို အလေးမထားဘဲမေတ္တာသက်ဝင် ချစ်ရေးငင်နိုင်သောစွမ်းအားကို ပိုင်ဆိုင်၏။ မြင့်မြတ်သန့်စင်သောရာဇဥပဓိရုပ်ကို ပိုင်ဆိုင်သူများဖြစ်သည်။ နဖူးပြင်ဖွဲ့စည်းမှုနှင့် မျက်ခုံး၊ မျက်လုံးတို့၏ဖွဲ့စည်းမှုသည် စူးရှထက်မြက်သောဝင့်ဝါမှု နှင့် ဟိတ်ဟန်ကိုပိုင်ဆိုင်၏။ သားချင်းများနှင့်မတူခြားနားသောခန့်ထည်မှုကိုပိုင်ဆိုင်၏။ ခပ်တင်းတင်း၊ ခပ် စေ့စေ့နှုတ်ခမ်းအသွင်ပုံသဏ္ဍာန်သည် တစ်လောကလုံးအပေါ် စိန်ခေါ်နေသောအသွင်တစ်ခုခိုအောင်းနေ၏။ မာန်ချီကျော့ရှင်းသောရင်ညွန့်နှင့် တင့်တယ်လှပ သောလည်တိုင်တို့ကို ပိုင်ဆိုင်သည်။ ဗြိစ္ဆာရာသီဖွားကျား/မ မရွေးတို့သည်(SexAppeal)ဆန့်ကျင်ဘက်ဖို၊ မတို့အပေါ် ရင်ခုန်လှိုက်မောစေသည့် ဆွဲဆောင်မှု ဓာတ်ခိုဝင်အောင်းနေသည်။ ခန္ဓာကိုယ်အချိုးအဆစ် လွန်စွာပြေပြစ်သည်။ အမျိုးသမီးများအဖို့ တစ်ဖက်လူရင်ဖိုလှိုက်စေသော ဖွံ့ဖြိုးတင့်တယ်မှုအပြည့်အဝ ပိုင် ဆိုင်၏။ နောက်ကျောပြင်အလှ အရှိန်အဝါ လွန်စွာမြင့်မား၏။သေးကျဉ်သောခါးနှင့် တင်းရင်းလုံးဝန်းသော ကျောပြင်အလှသည်ကား မြင်သူအပေါင်းက လည်ပြန် ကြည့်လောက်သောအသွင်ကိုဆောင်ယူ၏။ လည်တိုင် နှင့် ရင်ညွန့်တို့ကိုပေါ်လွင်စေသော ဝတ်စားဆင်ယင်မှု လွန်စွာတင့်တယ်သည်။ ဂုတ်ပိုးသားတွင် ဆံပင်၊ နှင့် ဆံနွယ်များ ကျဆင်းခြင်းသည် မိန်းမသားချင်းပင်လျှင်မနာလိုလောက်သော တင့်တယ်မှုကိုပိုင်ဆိုင်၏။ ပြည့် ဖြိုးသောလက်မောင်းနှင့် သွယ်လျသောလက်ချောင်း ကိုပိုင်ဆိုင်သည်။ ကျား၊ မ မရွေးတို့သည် ကိုယ်ကျပ် အင်္ကျီ၊ ဘောင်းဘီတို့နှင့် လွန်စွာလိုက်ဖက်သည်။ လမ်း
လျှောက်သောအခါကိုယ်ခန္ဓာလှုပ်ရှားမှုသည် ခြေလှမ်း လှမ်းတိုင်း တမင်ဟန်ထုတ်ထားသည့်အလား နဂိုဟန် အနေအထားရှိ၏။ ဗြိစ္ဆာရာသီဖွားအားလုံးတို့၏မူလ စကားပြောသောအသံသည် နွဲ့မယောင်နှင့်မာသည်။ မာမယောင်နှင့်ချိုသည်။ အေးတိအေးစက်လေသံနှင့်ပြောလင့်ကစား နားဝင်ပီယံဖြစ်ကာ တစ်ပါးသူရင်ခုန် နှုန်းကိုပြောင်းလဲစေသည့် ကြို့စွမ်းအားကိုပိုင်ဆိုင်စေ၏။
ထူးခြားသောကိုယ်ရောင်ကိုယ်ဝါကို ပိုင်ဆိုင် ထားသူများဖြစ်သည်။ ခန္ဓာကိုယ်မှ မူလအလင်းပေါ် ထွက်သည်ဖြစ်ပရာ ဓာတ်ပုံရိုက်လျှင်ပြင်ပရုပ်နှင့်မ တူ ပကတိပြောင်းလဲသွားသည့်အသွင်ရှိသည်။ လူအ များနှင့် တွဲရိုက်သောအခါတွင်လည်း တစ်ဦးတည်းထင် ရှားစွာပေါ်လွင်၏။ (Photogentic)ဓာတ်ပုံစားသူများ ဟုသတ်မှတ်၏။ “ဟေးဒီးစ်”၏ကိုယ်ပွားများဖြစ်ပေရာ ဦးထုပ်ဆောင်းလျှင် မိမိ၏အရောင်အဝါ ကွယ်ပျောက်သွားနိုင်သည်။ မလိုအပ်ဘဲ ဦးထုပ်၊ ခေါင်းဆောင်းများ မဆောင်းသင့်။ ဆံပင်တွင် ထူးခြားသောဓာတ်သဘာဝ ခိုအောင်း၏။ ကင်းမြီးကောက်ပုံရာသီအောက်တွင် မွေးသူများဖြစ်ပေရာ ဆံပင်အဖျားကောက်သူများ သည် အခြားသူတို့ထက်ပို၍ စူးရှသောအစွမ်းကိုပိုင်ဆိုင် သည်။ ဆံပင်ပုံသဏ္ဍာန်ပြောင်းသည်နှင့် ရုပ်ရည်ရူပကာပါပြောင်းလဲတတ်သည်။ အထူးသတိပြုရန်မှာ ခန္ဓာ ကိုယ်၌ အဆီပျံမှုများဖြစ်လွယ်သည်။ တစ်ကိုယ်ရည် သန့်ရှင်းမှုလျော့ပါးသွားသည်နှင့် စူးရှသောချွေးနံ့များ ထွက်ပေါ်စေသည်။ အဆီပြန်သည်နှင့်တစ်ပြိုင်နက် အဖု၊ အပိန့်များ ထွက်လာတတ်သည်။ ခြေသည်း၊ လက်သည်းတို့ရှည်လျားလွန်းက အဆိပ်လက်သည်း သဖွယ် ကျက်သရေယုတ်တတ်သည်။ ခံတွင်းနံ့ပြင်း ထန်တတ်သည့်သဘာဝကို သတိပြုရန်လိုအပ်သည်။ ခန္ဓာကိုယ်အဆီတက်လွယ်သည်။ ဝဖြိုးလွယ်ပေရာ အနေအထိုင်၊ အစားအသောက် ဂရုစိုက်ရမည်။"
March 31, 2016
ကိုယ်နေဟန်နှင့် ဆွဲဆောင်မှု
Tags
# sco2017charm
About Bmax
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.
sco2017charm
Labels:
sco2017charm
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.