July 29th မှ Aug 4th ကြား - Find weekly Horoscope in my blog

July 29, 2015

July 29th မှ Aug 4th ကြား

အမှားအမှန်ခွဲခြားမှုမပြုဘဲ စိတ်ခံစားချက်ကို အလေးပေး၍ ဆောင်ရွက်ခြင်းကြောင့် သောကပွေမည်။ လူပေါင်း မှား၊ ဆုံးဖြတ်ချက်မှား၍ သူများပြဿနာကိုယ့်ပြဿနာဖြစ်တတ်သည်။ လူယုံဒုက္ခပေးတတ်သည်။ စာရွက်စာတမ်း ကိစ္စ၊ ငွေရေးကြေးရေးကိစ္စများအရှုပ်အထွေးရှိတတ်သည်။ ကတိပေးမှားတတ်သည်။ စကားမှားတတ်သည်။ အထင် လွဲမှုများဖြေရှင်းရမည်။ ရောင်းမှားဝယ်မှားပြဿနာများကြုံမည်။ ကြားဝင်တာဝန်ယူခြင်း၊ အာမခံ ခြင်းမပြုရ။ ရုံးရောက်ဂါတ်ရောက် အမှုဖြစ်မည်။ အစားမှားတတ်သည်။ အစာအဆိပ်ဖြစ်တတ်သည်။ အနီးကပ်လူဒုက္ခ ပေးတတ်သည်။ အတွင်းရန်သတိရှိပါ။ ပြဿနာဟောင်းများ ပြန်လည်ဖြေရှင်းရလိမ့်မည်။ အလောတကြီးဆောင်ရွက် လိုက်သော ကိစ္စများမှ ပြဿနာများဖြေရှင်းရမည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.